မင်္ဂလာပါဗျာ အလွမ်းသမားမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Wednesday, August 8, 2012

နတ်သမီးလေး

ဒီကျွန်းမှာ ငါကသူစိမ်း
ဒါပေမယ့်....
မင်းဆံပင်ယိမ်းပုံကိုတော့ အလွတ်ရတယ်
ကောလဟာလ တွေ သိပ်မှန်နေတယ်

ဒီအင်ပါယာကို မင်းရဲ့ အကြင်နာနဲ့
ညှင်ညှင်သာသာလေး သိမ်းခဲ့တာတဲ့

မင်းရဲ့ ပန်းသီလက်
မင်းရဲ့ ခပ်ဖွဖွ တောင်ပန်ခတ်သံ
ဆည်းလဲ သံ
ချောင်းရေစီးသံ
သစ်ရွက်ကြွေသံ
အဲဒါတွေကို မင်းဖန်ဆင်းထားတာတဲ့

ငါလည်း စစ်သားအိုပါဘဲ
ဒါပေမယ့်....
တမ်းတစရာ ငယ်ချစ်ဦး နဲ့ ဓားအို တော့ ငါ့မှာမရှိဘူး
မင်းဝှက်ခဲ့တဲ့ စကားထာ ဘဲရှိတယ်..
``ရေ... လယ်... ခေါင် ... သောင် ... ထွန်း .. နတ် .. သ ..မီး .. နေ.. တဲ့ .. .ကျွန်း..`

No comments:

Post a Comment

Blog Archive