မင်္ဂလာပါဗျာ အလွမ်းသမားမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Thursday, August 2, 2012

မိန်းခလေးတိုသိသင့်သောရည်းစားထားနည်း

ကောင်မလေးတွေနဲ. ကောင်လေးတွေရဲ. ခံယူချက် တစ်နည်းပြောရရင် အချစ်နဲ. ပတ်သတ်တဲ့ ခံစားမှုပေါ့နော်။ ယခုခေတ် ကောင်လေးတွေ တော်တော်များများက အချစ်ကို အထိအတွေ.လို. ခံယူထားတတ်ကြတယ်။ကောင်မလေးတစ်ချို.မှာလဲ ဒီလို ခံယူချက်မျိုး ရှိချင်ရှိနိုင်ပါလိမ့်။ ဒါပေမဲ့ အနည်းစုတာ ဖြစ်ပါလိမ့်မယ်။ သူငယ်ချင်းတို.ကို ပြောချင်တာကတော့ မိန်းကလေးတွေရဲ. တန်ဖိုး အင်း ဒီလိုပြောလို. ဘယ်လောက်တတ်နေလို.လဲတော့ မထင်ကြပါနဲ. မိန်းကလေးအများစုကို မိမိကိုယ်ကို တန်ဖိုးထားစေလိုသောကြောင့် နှင်းဆီရေးသားရခြင်းဖြစ်ပါတယ်။ ယခုဆိုလျှင် ဖုန်းနှင့် ချစ်သူချင်းတွေ.ဆုံမှုများကို သူငယ်ချင်း အချင်းချင်း နောက်ပြောင် ကျီစယ်လိုသောကြောင့် ရိုက်ပြီး ဖေ.ဘုစ်ပေါ်သို. တင်သည့် သူများအား ရှောင်နိုင်ရန် အတွက် ဖြစ်ပါသည်။ မိန်းကလေးတို.အနေနှင့် ကို.ချစ်သူကို မည်မျှပင် ချစ်သည်ဖြစ်စေ မပေးသင့်သော အထိအတွေ. ချစ်သူ အနေအထားနဲ. မထိုက်တန်သေးသော အကြင်နာများအား မပေးစေလိုပါ။ မိန်းကလေးတစ်ယောက်ရဲ. ဘဝက မိမိရဲ. သိက္ခာတရား သန်.ရှင်း စင်ကြယ်မှုသာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်မလေးအားလုံး ဆင်ခြင်နိုင်စေရန် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မိမိိဘဝအား လှပစွာ တည်ဆောက်လိုသော မိန်းကလေးတိုင်း ကိုယ်ကျင့်တရား စင်ကြယ်မှုဖြင့် အိနြေ္ဒသိက္ခာအား ထိန်းသိမ်းစေလိုပါသည်။ရည်းစားထားခြင်းသည် တစ်ဦးတစ်ယောက်အား ချစ်သောကြောင့် ထားခြင်းဖြစ်လျှင် မိမိကို ချစ်နေသော သူကလဲ မိမိအား တန်ဖိုးထားစေရန် မိမိကိုယ်တိုင်က ဖြူစင်မှသာ ဖြစ်ပါလိမ့်မည်။ အချစ်သည် အထိအတွေ. မဟုတ်ပါ။ အချစ်သည် မေတ္တာ တရားသာ ဖြစ်ပါသည်။

No comments:

Post a Comment

Blog Archive