မင်္ဂလာပါဗျာ အလွမ်းသမားမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Tuesday, July 31, 2012

ကြောက်လိုပါ

မခေါ်ပါဘဲ ငါ့၇င်ထဲကို
အေ၇ာက်ဝင်နိုင်ခဲ့ တဲ့  မင်းက
မနှင်ပါဘဲ ငါ့၇င်ကိုခွဲ
အဝေးကိုပြေးဖို့ ပြင်ပြန်တယ်
အစ အလယ် အဆုံး
ငါ့နှလုံးသားကို စိတ်ကြိုက်ချယ်မှုန်း
မင်း အသုံးချခဲ့ မှာကို
ငါမကြောက်ခဲ့ ပေမယ့် 
ငါမင်းကို
ချစ်တဲ့ အချစ်မျိုးနဲ့ 
နောက်ထပ်တစ်ယောက်ကို
မင်း
ချစ်မိသွားခဲ့ မှာကိုတော့ 
ငါ...
ဆက်ဖတ်ရန်>>>

အမေရယ်

အူဝဲ ငယ်ငယ်
အာပြဲအောင် ငိုပါဘိ...။
ချစ်သမီးမျက်နှာ ပန်းခင်းသာ
တော်ဝင် နန်းသဇင်ဆိုမှ
ချစ်သမီးအတွက် ပန်း ...။
အလိုလေး ...
ချစ်သမီး ထပ်ကာ ညည်းမှ
ချစ်သားအတွက် အဘယ်နည်း...။
မိခင် ကြွေးကြော်
နတ်ဘုံတိုင်အောင် ပျံ့လွင့်လေပြီ...။
မေတ္တာကြီးမား..
နှိုင်းစရာ ရှားလောက်ပင်...။
ဆက်ဖတ်ရန်>>>

မြန်မာ{ebooks}

မြန်မာ (ebooks)

မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီး
ဖတ်ရှု့လို့ရနိုင်ပါပြီ။

အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၅၀၀ နီးပါးတင်ထားပြီး
ဆက်လက်တင်နေဆဲဖြစ်ပါတယ်။

အာလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီ
စာအုပ်များကို
ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ
အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။

Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ
သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး
စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။
စာအုပ်ကိုဒေါင်းလုပ်ဆွဲတော့ မယ်ဆိုရင်တော့ အသင်း ၀င်ဖို့တော့ လိုပါတယ်။ အသင်းဝင် ပြီးသွား ရင်တော့
ဒေါင်းလုပ်ဆွဲလို့ ရပါပြီ။

ဝဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။

အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။
ဆက်ဖတ်ရန်>>>

ပြာကျမှပြန်ပါ



ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်ဈာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘကမ္မဋ္ဌာန်းတော်ကို၊
ကြဌာန်းပျော် အိုရှုလှည့်လေး။ ။

(တောင်သမန်လယ်စား မောင်ဖေငယ် )

တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင် နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်ပါသည်။

အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။ ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။ ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှုစားတော်မူလှည့်ပါဟု သံတော်ဦးတင်လိုက်ခြင်း ဖြစ်ပေသည်။

(သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက်အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ်ကျဆင်းလာသော ပါးကွက်သားများ၏ တုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ ...)
ဆက်ဖတ်ရန်>>>

အိမ်မက်ချစ်သူ

မောင့်ကိုသာလျှင် အချစ်ဆုံးတဲ့..
မောင့်အတွက် အသက်ပေးဝံ့သူပါတဲ့...
မောင်ကလွဲ လို့ ဘယ်သူ့မှမချစ်ဖူးဘူးတဲ့...
မောင် ကိုသာ ထာဝချစ်နေမှာပါတဲ့......
ချစ်သူစကား တေးသံပမှာ..
ငါ့နားကပြုံးပျော်နေခိုက်...
(ဟေ့ကောင်ထစမ်း..........မိုးလင်းနေပြီ )
ဟာ......ဟာ.....
အိပ်မက် ပါလားနော်.....
ငါ့ဘ၀က....အိပ်မက် မှာဘဲ
ချစ်သူ့အသံ ချို သာခဲ့ရ....
အပြင်လောက...မိုး ကောင်းကင် အောက်
သူ့မျက်နှာထား...ခပ်တင်းတင်းနဲ့
စိမ်းခါး...မုန်းခဲ့
ယခုတိုင်ဘဲ........
သြော်.....
အပြင်မှာ မချစ်လဲ အိပ်မက်မှာ တော့ ချစ်တတ်တာဘဲနော်...........
ဆက်ဖတ်ရန်>>>

ငါဖြစ်စေချင်ခဲ့တာ

နင်နဲ့ငါနဲ့ချစ်နေတဲ့အချိန်

ငါနင့်ကို တန်ဖိုးထားတုန်းမှာ
နင့်ဘက်က တန်ဖိုးရှိအောင်နေပေးပါ ♥♥!

ငါနင့်ကို ဂရုစိုက်ပေးနေတုန်းမှာ
နင့်ဘက်က အလေးအနက်တစ်ခုခုတော့ ထားပေးပါ ♥♥!

ငါနင့်ကို သိပ်ချစ်နေတုန်းမှာ
နင့်ဘက်က အချစ်တွေ မလျော့အောင် ဆင်ခြင်ပေးပါ ♥♥!

ငါနင့်ကို ယုံကြည်နေတုန်းမှာ
နင့်ဘက်က ယုံကြည်မှုတွေခိုင်မာလာအောင် ကြိုးစားပေးပါ ♥♥!

ငါနင့်ကို လိုအပ်နေတုန်းမှာ
နင့်ဘက်က ဂရုစိုက်မှုတွေကို တုံ့ပြန်ပေးပါ ♥♥!

ငါနင့်ကို တမ်းတနေတုန်းမှာ
နင့်ဘက်က ငါနဲ့အနီးဆုံးကို လှမ်းလာပေးပါ ♥♥!

ငါနင့်ကို မျှော်လင့်နေတုန်းမှာ
နင့်ဘက်က မြတ်နိုးခြင်းတွေကို ပုံဖော်ပေးပါ ♥♥!

ငါနင့်ဆီက လိုချင်တာတွေ အရမ်းများနေတဲ့အခါ
နင့်ဘက်က ငါ့ကိုနားလည်ပေးပါ။ ♥♥!

ဒါတွေ အားလုံးဟာ
ငါနင့်ကို ချစ်နေလို့ဆိုတာကို နင်နားလည်ပေးပါ ♥♥!

ငါ့ဘက်က တောင်းဆိုမှုတွေ များနေတယ်လို့နင်ထင်တဲ့အခါ
အဲ့ဒါတွေအားလုံးဟာ
ငါနင့်ကို ချစ်နေသေးလို့ဆိုတာကို ယုံကြည်ပေးပါ ♥♥!

တကယ်လို့
ငါ့ဘက်က တောင်းဆိုမှုတွေ ရုပ်သိမ်းသွားတဲ့အခါမှာ
နင်နဲ့ငါ
နှလုံးသားချင်း မိုင်ပေါင်း ၁၅၀၀ ဝေးနေပြီဆိုတာ နင်လက်ခံပေးပါ ♥♥!
ဆက်ဖတ်ရန်>>>

ချစ်ရသူအတွက်

ဝေးတစ်နေရာ တစ်ကမ္ဘာက ချစ်သူရေ….


အတ္တတွေ တောင်ပုံရာပုံ  မာနတွေ စောင်လိုခြုံ


 ဒေါသပန်းတွေတဝေေ၀နဲ့  အမုန်းမြို့တော်  သောကလမ်းမှာ


ခဏရောက်သခိုက် မေတ္တာမျှဝေ


ချစ်သူလက်ဆောင် ရင်တွင်းဆောင်ကာ


ဘေးဘယာတွေဝေးပါစေ  သောကမုန်တိုင်းကင်းပါစေ


အတ္တပန်းတွေ တဝေေ၀နဲ့  ချစ်သူမျိုးလည်းဝေးပါစေ


လောဘပန်းတွေ တဝေေ၀နဲ့ ချစ်သူမျိုးလည်းဝေးပါစေ


မာနပန်းတွေ တဝေေ၀နဲ့  ချစ်သူမျိုးလည်းဝေးပါစေ


ဒေါသပန်းတွေ ပန်ဆင်ထားပြီး


စိတ်ကောက်ကွေးတဲ့ ချစ်သူမျိုးလည်းဝေးပါစေ


ဝေးတစ်နေရာ တစ်ကမ္ဘာကချစ်သူရေ………..


 ချိုသာသည့်စကားချစ်သူနားမှာ   စိမ့်စမ်းရေလိုအေးမြစေအောင်


  ချစ်ခွန်းသီကာ  ကြင်နာမျှဝေ


 လေပြေနဲ့အတူ ချစ်သူထံပါးရောက်ပါစေ


 နေခြည်နဲ့အတူ   ချစ်သူထံပါးရောက်ပါစေ


မိုးစက်လေးလို  ချစ်သူထံပါးရောက်ပါစေ


နှင်းမှုန်နဲ့အတူ   ချစ်သူထံပါးရောက်ပါစေ


အေးမြမေတ္တာ အကြင်နာတွေ


ချစ်သူရင်ခွင်နှလုံးသားထဲ သက်ကာဆင်းစေ


အေးမြမေတ္တာ စေတနာတွေ


ချစ်သူရင်ခွင် နှလုံးသားထဲ သက်ကာဆင်းစေ


ဖြူစင်မေတ္တာ  ရွှေကြာပန်းလိုလန်းပါစေ………….


မေတ္တာရေအေး ချစ်သူထံပါးသက်ကာဆင်းစေ


စိတ် နှလုံးသား  အေးမြကြည်လင်ရှိပါစေ


 အနမ်းတစ်လှေ အလွမ်းကုဋေ  ဒီကမ္ဘာမြေထု  တိုင်တည်သစ္စာ


ချစ်သူလက်ဆောင်ပို့လွှတ်နေ


ကိုလွမ်းနေတယ် ချစ်သူရေ…………………
ဆက်ဖတ်ရန်>>>

ချစ်သူချော့နည်း


         တကယ်တော့ နှစ်ယောက်သား စကား အချေအတင် ဖြစ်ကာ စကားများနေကြခြင်း မဟုတ်။ တကယ် ဖြစ်နေတာက ကောင်မလေးက ကောင်လေးကို အထင်လွဲကာ စိတ်ဆိုးပြီး စိတ်ကောက်နေခြင်းပင် ဖြစ်လေသည်။ ပြီးတော့ ထိုစကားများကလည်း ကောင်လေးကို စကားနာထိုးထားသော စကားများပင် ဖြစ်လေသည်။ နားထောင်ကြည့်ပါ။

          “ သူများတွေများ ချစ်တတ်လိုက်ကြတာ မျက်စိအောက်ကကို အပျောက်မခံနိုင်ကြဘူး။ မျက်တောင်လေး တစ်ခတ်မှာတင် ချစ်သူကို မတွေ့လိုက်ရမှာ စိုးလို့ မျက်တောင် တောင်မှ မခတ်ချင်ဘူးတဲ့။ ကိုနဲ့တော့ ကွာပါ့။ ကိုယ့်ချစ်သူ ဘယ်ဆီကို ရောက်နေတယ် ၊ ဘာတွေ လုပ်နေတယ် ၊ ဘာတွေ ဖြစ်နေတယ် ဆိုတာ သတိတောင်မှ ရရဲ့လား။ ”

           “ ရပါတယ်ကွာ ၊ နွယ်က ကိုယ့်ချစ်သူပဲ ဟာကို သတိမရဘဲ နေမလား။ ”

         “ အဲဒီလိုပဲ ပါးစပ်က လွယ်လွယ်ပြောတာပဲ မဟုတ်လား ၊ နောက်ကွယ်ကျတော့ ရောက်ချင်ရာ ရောက် ၊ ဖြစ်ချင်တာ ဖြစ် ဆိုပြီး ဂရုမစိုက်ဘူး မဟုတ်လား။ ”

           “ မဟုတ်တာ နွယ်ရယ်။ ကိုယ် ဘယ်လောက် ဂရုစိုက်လဲ ဆိုတာသာ သိရင် နွယ် လန့်တောင်မှ သွားဦးမယ်။ ”

          “ အလိုလေးလေး ၊ ဖြစ်မှ ဖြစ်ရလေ ၊ နွယ်က လန့်တောင်မှ လန့်ရဦးမယ် ဟုတ်လား။ ”

           “ ဟုတ်တယ် ၊ နောက်ပြီးတော့ အဲဒီကျမှ အအေးတောင်မှ ပတ်တယ် ဆိုပြီး ပြောနေရဦးမယ်။ ”

          “ ဘယ်လို . . . . ”

           “ ဟုတ်တယ်လေ။ ကိုက နွယ့်ကို ချစ်တယ် ဆိုတာ သူများတွေလို မျက်စိအောက်က အပျောက်  မခံနိုင်ယုံတင် ချစ်တာ မဟုတ်ဘူးလေ။ ”

          “ - - - - - - ”

          “ ကိုယ့်ချစ်သူကို ကိုက အမြဲတမ်း တသသ နဲ့ ချစ်နေတာ . . . ”

          “ ဒါနဲ့ အအေးပတ်တာနဲ့ ဘာဆိုင်လို့လဲ။ ”

           “ ဆိုင်တာပေါ့ နွယ်ရာ ၊ ကိုယ်က နွယ့်ကို “ ဖူးဖူးမှုတ် ချစ်တာလေ  ” ၊ ဖူးဖူးမှုတ်ထားမှတော့ အအေးတောင်မှ ပတ်ပြီပေါ့ကွာ ”

          “ ခိ . . . မဟုတ်တာ ပြောမယ် ဆိုရင် ပထမဦးဆုံး . . ”

           ချစ်သူရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ပြုံးယောင်ယောင်လေး ဖြစ်လာခဲ့၏။ ဒါပေမဲ့ မပြီးသေးပါ။



ချော့နည်း ( ၂ )

          “ ဒါက တွေ့မှ ပြောတာ မဟုတ်လား။ သူများတွေကတော့ ဘယ်ကို သွားသွား ဂရုစိုက်ရ ၊ သဝန်တိုရနဲ့ ၊ ချစ်ပြနေလိုက်ကြတာ ။ ကိုနဲ့များ တကယ်ကို ကွာတယ်။ ကိုက သဝန်ကို မတိုဘူး မဟုတ်လား။ ”

           “ အင်း . . .ဒါကတော့ ဟုတ်တယ် နွယ်။ ကို ဝန်ခံပါတယ်။ ”

          “ ဟင် . . ဒါဆို နွယ့်ကို ဖြစ်ချင်တာ ဖြစ် ဆိုပြီး သဝန်မတိုဘူးပေါ့လေ။ သဝန်မတိုဘူး ဆိုတာ မချစ်လို့ဘဲ လို့ ဖတ်ဖူးတယ်။ ”

          “ ဒီလိုတော့ မဟုတ်ဘူး နွယ်။ ကို ပြောချင်တာက တစ်မျိုး . . . ”

          “ - - - -  - - - ”

           “ နွယ် ပြောသလို မချစ်ရင် သဝန်မတိုဘူး ဆိုပြီး ကိုက နွယ့်ကို သဝန်မတိုဘူး လို့ နွယ် ထင်နေရင် နွယ် မှားမယ်။ ကိုကလည်း နွယ့်ကို သဝန်တိုတာပဲပေါ့။ ဘာလို့လဲ ဆိုတော့ ကိုကလည်း နွယ့်ကို ချစ်တာပဲကိုး။ ဒါပေမဲ့ ချစ်လို့ သဝန်တိုတယ်ဟေ့ ဆိုပြီး နွယ်နဲ့ ကိုနဲ့ သဝန်တိုတာခြင်း ပြိုင်နေကြရင် ကိုတို့ တွေ့တိုင်း ဘယ်လိုလုပ်ပြီး ပျော်စရာ ကောင်းတော့မလဲ။ ပျော်စရာ မကောင်းယုံတင် မကဘူး ၊ သဝန်တို ပြိုင်ပွဲကြီး ဖြစ်ပြီး စိတ်ညစ်စရာ ကောင်းနေတော့မှာပေါ့။

          ဒါကြောင့် ကိုက နွယ့် အမြင်မှာ နွယ့်လောက် မချစ်ဘူး ၊ ဒါကြောင့် သဝန်မတိုဘူး လို့ နွယ် ထင်ချင် ထင်သွားပါစေ ဆိုပြီး ကိုက နေနေတာ။ ဒါမှ နွယ်က ငါက ပိုချစ်တယ် ၊ ဒါကြောင့် ပိုပြီးတော့ သဝန်တိုတယ် ဆိုပြီး ကို့ထက် သာနေမှာလေ။ တကယ်တော့ ကိုက နွယ့်ကို မချစ်လို့ သဝန်တိုတာ မဟုတ်ဘူး။ ချစ်လွန်းလို့ သဝန်မတိုတော့ယောင် ဆောင်နေတာပါ။ နွယ် သဝန်တိုတာနဲ့တင် ကိုက နွယ့်အချစ်ကို ခံယူဖို့ အသင့် ဖြစ်နေပြီလေ။ ”

          “ ဟွန်း . . ကိုပိုကြီး . . ဟုတ်လည်း မဟုတ်ဘဲနဲ့ ”

           မျက်ဝန်းထဲမှ မျက်ရည်တွေက ခန်းခြောက်ပြီး ဆက်မကျလာတော့ပါ။ ပြီးတော့ နှုတ်ခမ်းကို ကိုက်ထားပေမဲ့လည်း ချစ်သူရဲ့ မျက်ဝန်းလေးတွေက ပြုံးလာနေပါပြီ။ ဒါပေမဲ့ . . . မပြီးသေးပါဘူး။ အများ သိကြတဲ့ အတိုင်းပါပဲ. . . ။



ချော့နည်း ( ၃ )

           “ အပြောကတော့ ကောင်း ၊ သူများတွေများ ချစ်သူ မျက်ရည်ကျတာကို လုံးဝ မခံနိုင်ဘူးတဲ့။ ”

           “ အင်း . . .  ဘာဖြစ်နေလို့လဲ ကိုက . . . ”

           “ ဟုတ်တယ်လေ . . ကိုက အခု နွယ် မျက်ရည်ကျနေတာတောင်မှ ဘာမှ မဖြစ်သလိုပဲ ခပ်တည်တည်ပဲ ဖြစ်နေတာ မဟုတ်လား။ ”

           “ ဒါဆိုရင်တော့ နွယ် မှားသွားပြီ။ ကိုက နွယ် မျက်ရည်ကျနေတာကို တမင် ကျပါစေ ဆိုပြီး ကြည့်နေတာ . . ”

            “ ဘယ်လို . . . ကိုက နွယ် ငိုနေတာကို ဝမ်းသာနေတယ်ပေါ့လေ။ ဟုတ်လား ၊ ကိုနော်. . . ”

           “ မဟုတ်တာ နွယ်ရယ်။ နွယ် ငိုနေတာကို ကိုက ဝမ်းသာနေတယ် လို့ ကို ပြောမိလို့လား။ ကို ပြောတာက နွယ် မျက်ရည်ကျတာကို ကိုက တမင်ကျပါစေလို့ ပြောတာ။ နွယ့်ကို မျက်ရည်ပဲ ကျစေချင်တာ . . . ”

           “ ဟင်. . . အတူတူပဲလေ။ ဒါဆို ကိုက နွယ် မျက်ရည် ကျစေချင်နေတယ်ပေါ့ ၊ ဟုတ်လား။ ”

           “ ဟုတ်တယ် နွယ် ၊ ကို တကယ်ကို နွယ့်ကို မျက်ရည် ကျစေချင်နေတာ . . ”

           “ သြော်. . . ကိုဇော် ၊ နွယ်က မျက်ရည်ကျပြီး စိတ်ဆင်းရဲနေမှ ရှင်က ပျော်နေတယ်ပေါ့လေ။ ”

           “ အမ် . . . ကို ဒီလို မပြောပါဘူး။ နွယ်ဖာသာ လျှောက်တွေးပြီး ပြောနေတာ။ ကို ပြောချင်တာက သုတေသန ပညာရှင်တွေရဲ့ အဆို အရ။ မျက်ရည် ခန်းခြောက်နေတဲ့ လူတွေထက် မျက်ရည်လွယ်တဲ့ လူတွေက မျက်လုံးရဲ့ အကြည်ဓါတ် ပိုပြီးတော့ တောက်ပပြီး လှပကြတယ် လို့ ဆိုတယ်။ နွယ်သာ မျက်ရည်မကျဘဲ မျက်ရည် အကျနည်းပြီး မျက်ရည်တွေ ရှားနေမယ် ဆိုရင်  ကိုချစ်တဲ့ နွယ့်မျက်ဝန်းလေးတွေမှာ အကြည်ဓါတ် မရှိဘဲ မွဲခြောက်နေမှာ စိုးလို့ ကိုက နွယ့်ကို မျက်ဝန်းမှာ အကြည်ဓါတ်တွေ ရှိနေအောင် မျက်ရည်ကျတာကို သဘောကျနေတာပါ။ ”

           “  - - - - - - -  ”

           အနီးနားမှာ မှန် မရှိပါ။ ဒါကြောင့် ကောင်မလေးက သူ့ရဲ့ လက်ကိုင်အိတ်ထဲကနေ မိတ်ကပ်ဘူးလေးကို ထုတ်ပြီး အထဲက မှန်လေးနဲ့ သူမ မျက်ဝန်းတွေကို သူမ ပြန်ကြည့်နေ၏။ ပြီးတော့ ခေါင်းကိုလည်း ဟိုဘက် ဒီဘက် စောင်းကာ သူမ မျက်ဝန်းကို အခုမှ မြင်ဖူးသလိုနဲ့ ရှု့ထောင့်မျိုးစုံက ကြည့်၏။

           “ အင်း . . . ဟုတ်တော့လည်း ဟုတ်သားပဲနော်။ ဒါကြောင့် နွယ့် မျက်ဝန်းလေးတွေက အရည်စိုပြီး တောက်နေတာ နေမယ်နော်။ ”

           ကဲ. . . . ကြည့်ဦး။ ပြောပြန်ရင်လည်း ကိုဇော့် အလွန် ဖြစ်ဦးမယ် ဟင်းးးးးး

           “ ဟုတ်တယ် . . . ဒါကြောင့်လည်း ကိုက နွယ် ဂရုမစိုက်မိတဲ့ မျက်ဝန်းလေးတွေကိုတောင်မှ ဂရုစိုက် နေတာပေါ့ကွာ ”

            မျက်ဝန်းလေးတွေမှာ အပြုံးလေးတွေပါ မကတော့ပါ ၊ နှုတ်ခမ်းလေးတွေမှာပါ အပြုံးလေးတွေ ထင်ဟပ် လာသည်။ သို့သော် မပြီးသေးပါ။ သူတို့က မိန်းကလေးတွေ မဟုတ်လား။ နည်းနည်းတော့ အရစ် ထပ်ပြီး ရှည်ပါလိမ့်ဦးမည်။



ချော့နည်း ( ၄ ) 

            “ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကို နွယ့်ကို ဂရုမစိုက်ဘူး။ ”

           “ ဟင်  . . ဒီလောက် ဂရုစိုက်နေတာတောင်မှ ဖြစ်ရပြန်ပြီ။ ”

           “ ဟုတ်တယ်လေ။ နွယ့်မှာတော့ ကို ဂရုမစိုက်ဘူး ဆိုပြီးတော့ နွယ့်မှာ ငိုလိုက်ရတာ ၊ ရှိုက်လိုက်ရတာ ဘယ်လောက် မောတယ် မှတ်လဲ။ ဒါကို ကိုက အရင်ကတည်းက ဒီဟာက ဒီလိုပါ ၊ ဟိုဟာက ဟိုလိုပါ လို့ သေချာ ရှင်းပြထားပါလား။ ဒါဆိုရင် နွယ် မငိုရတော့ဘူး ၊ ဝမ်းနည်းလို့ မရှိုက်ရတော့ဘူးပေါ့။ အခုတော့ နွယ် ဘယ်လောက် မောတယ် မှတ်လဲ။ အဲဒါ ကို ဂရုမစိုက်လို့ပေါ့။ ”

           “ ကိုက ဂရုမစိုက်တာ မဟုတ်ပါဘူးကွာ။ ကိုက တမင် နွယ့်ကို အဲဒီလို ရှိုက်အောင် ၊ မောအောင် လုပ်တာပါ။ ”

           “ ဟင် . . . ဒါဆို ကိုက နွယ့်ကို ပင်ပန်းစေချင်လို့ပေါ့ ဟုတ်လား။ ”

           “ ဒီလိုတော့လည်း မဟုတ်ပါဘူးကွာ။ ကို ဖတ်ဖူးတဲ့ ဆေးပညာ စာအုပ် တစ်အုပ်မှာ အငိုသန်တဲ့ ကလေးတွေက အဆုတ်အား ကောင်းတယ် ၊ ငိုရင်းနဲ့ ပိုပြီး ရှိုက်လေလေ သူတို့ရဲ့ အဆုတ်တွေက ပိုပြီး သန့်စင်လေလေ လို့ ဖတ်ရဖူးတယ်။ ဒါကြောင့် နွယ် ငိုတယ် ဆိုရင် အဆုတ်အား ကောင်းမယ် ၊ ငိုရင်းနဲ့ ရှိုက်ရတယ် ဆိုရင် အဆုတ် သန့်မယ် ဆိုပြီးတော့ ကိုက နွယ့်ကို ပိုပြီးတော့ ကျန်းမာစေချင် လို့ နွယ် ငိုတာ ၊ ရှိုက်တာတွေကို မတားဆီးတာပါ နွယ်ရဲ့။ ”

            “ အမလေး . . ဆင်ခြင်တွေကလည်း များလိုက်တာနော်။ ဘာကို ဘယ်လို ပြောရမှန်းတောင်မှ မသိတော့ဘူး။ ဒီကပြောရင် ဟိုဘက်က လှည့်ထွက်နဲ့ တော်တော် ဥာဏ်များတယ်နော်။ ”

           “ ဥာဏ်များတာ မဟုတ်ပါဘူး နွယ်ရာ ၊ တကယ် အမှန် အတိုင်း ပြောတာပါ။ ”

           “ ထားပါတော့  . . . ၊ ကို ပြောတဲ့ အတိုင်းရော ငိုတဲ့ ကလေးက အဆုတ်အား ကောင်းတယ် ဆိုတာ တကယ်လား။ ”

           “ တကယ်ပေါ့။ ဒါကြောင့်လည်း ကလေး မွေးမွေးချင်းမှာ အပြင်လောကရဲ့ လေကို အဆုတ်ထဲ ရှိုက်သွင်းနိုင်အောင် ဆရာမတွေက ကလေးကို အပြင်ရောက်တာနဲ့ ကျောပြင်ကို ဗြောတင်ပြီး ရိုက်ကြတာပေါ့ကွာ။ ဒီတော့ ကလေးက လန့်ပြီး ငိုတော့တာပဲ။ ဒီလို ငိုတော့မှ ကလေးရဲ့ အဆုတ်က အသက်ရှူဖို့ အားထုတ်ရင်း သူတို့ အဆုတ်တွေ အားကောင်း လာတာပေါ့ကွာ။ ဒါကြောင့် မီးဖွား ဆရာမတွေက ကလေးတွေကို အပြင်ရောက်တာနဲ့ ရိုက်ကြတယ် လို့ ဖတ်ဖူးတာပဲ။ ”

           “ ဒါဆို ကိုက နွယ့်ကို အဆုတ် အားကောင်းစေချင် လို့ ငိုတာ ၊ ရှိုက်တာကို မချော့တာပေါ့လေ။ ”

           “ ဒီလို ဆိုချင်လည်း ဆိုလို့ရတာပါပဲ။ ”

           “ အင်း . . . ”

            အင်း ဆိုပြီး ကောင်မလေးက ခဏ ငြိမ်ပြီး အကြံထုတ်နေပါ၏။ မိန်းကလေး ပီပီ ဒီလောက်နဲ့ ဘယ်ကျေနပ်ဦးမလဲလေ။ ဟုတ်တယ် မဟုတ်လား။ ခဏကြာတော့မှ . . .



ချော့နည်း ( ၅ ) 

           “ ဒါဆို ကို့ကို နွယ် တစ်ခု မေးမယ်။ ”

          “ အင်း . . . မေး . . . ”

          “ တကယ်လို့ ကိုရာ . . ၊ ဒီအချိန်က ညဘက်ကြီး ဖြစ်နေမယ်။ ပြီးတော့ မိုးကောင်းကင်မှာလည်း ကြယ်တွေ စုံနေမယ် ဆိုပါစို့ . . . ”

            “ အမ် . . . အခုက ညဘက်ကြီးမှ မဟုတ်တာ . . ”

           “ အင်းလေ. . . ဒါပေမဲ့ ညဘက်ကြီးလို့ပဲ သဘောထားလေ။ အခုလို ကြယ်တွေ စုံနေတဲ့ ညဘက်မှာ ကို နဲ့ နွယ်နဲ့က အခုလိုပဲ ခုံလေး တစ်ခုတည်းမှာ အခုလိုပဲ ထိုင်နေတယ်ပေါ့လေ. . . . ”

           “ အင်း . . . . ”

           “ ဒီအချိန်မှာ မိုးကောင်းကင်မှာ ကြယ်တွေကလည်း စုံနေပြီးတော့ ကြယ်တွေကို ကြည့်ပြီး နွယ်နဲ့ကို စကားတွေ ပြောနေကြတယ်။ ”

           “ အင်း . . . ”

           “ ဒီအချိန်မှာ ကြယ်လေး တစ်လုံးက ကြွေကျသွားတယ် ဆိုပါစို့။ ကြယ်ကြွေရင် လူတွေက ဆုတောင်းရတယ် ၊ ဒါဆို ဆုတောင်းပြည့်တယ် လို့ ဆိုကြတယ်လေ။ ”

            “အင်း . . . . ”

            “ ဒီလို ကြယ်ကြွေသွားတဲ့ အချိန်မှာ ကို ဘာဆုတောင်းမလဲ ၊  ဒါကို ပြောပြ . . . ”

           “ - - - - - - ”

           “ ပြောပြလေ. . . ၊ ကြယ်ကြွေ သွားရင် ကိုက ဘာဆုတောင်းမလဲ ”

           “ ကိုလား . . . ”

            “ အင်း . . . ၊ ဘာဆုတောင်းမလဲ ပြောပြလေ။ ”

           “ ကိုကတော့ ဘာဆုမှ မတောင်းဘူး။ ”

            “ ဟင် . . . ဘာဖြစ်လို့လဲ ၊ ကိုက ဆုတောင်းပြည့်မှာ စိုးလို့လား။ ”

            “ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ နွယ်ရဲ့။ ဘယ်သူမဆိုကတော့ ကိုယ်တောင်းတဲ့ ဆုကို ပြည့်ချင်တာပေါ့။ ဒါပေမဲ့ကွာ . . . လူတွေ ပြောပြောနေတဲ့ အတိုင်းပဲ ၊ သီချင်းတောင်မှ ရှိသေးတယ်လေ။ ပုလဲလုံးလေးတွေ ဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်တွေ ဆိုတော့။ ကျယ်ပြောလှတဲ့ မိုးကောင်းကင်ကြီးမှာ ကြယ်တွေဆိုတာလည်း ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေပဲ မဟုတ်လား။

             ဒီလို ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေ ကြွေကျတာကို ကိုယ်က ကြည့်ပြီးတော့ ဆုတောင်းမှ ဆုတောင်းပြည့်မယ် ဆိုတာမျိုးတော့ ကိုက မလိုချင်ဘူးကွာ။ ပြောရရင် “ သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်မယ် ” ဆိုရင်တော့ ကို ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေချင်တော့ဘူး။ မပြည့်ရင်လည်း နေပါစေတော့။ ”

            “ ဟင် . . . . . ”

           “ ဒီလိုပဲ . . . ကိုယ့်ချစ်သူကိုလည်း ကောင်းကင်ရဲ့ မျက်ရည် ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ သူများ မျက်ရည်နဲ့ ဆုတောင်းမှ ကိုယ့်ဆုတောင်း ပြည့်တယ် ဆိုတာမျိုးလည်း အဖြစ်မခံနိုင်ဘူးကွာ။ ဒါကြောင့် ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ကို ဆုမတောင်းဘူး ၊ ကိုယ့်ချစ်သူ နွယ်ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ ”

            “ အင်း. . . ဒီလို ဆိုတော့လည်း ဟုတ်တာပဲနော်။ ဒါဆို ကို့ကိုလည်း ဆုမတောင်း ခိုင်းတော့ပါဘူး။ နွယ်လည်း နောက်ဆို ကြယ်ကြွေတာ မြင်ရင်လည်း ဆု မတောင်းတော့ဘူး။ ”

           “ ဒါပေါ့ . . နွယ်ရယ်. . . ”

           “ ကိုပြောသလို ဆိုရင် ကြယ်ကြွေတယ် ဆိုတာ ကောင်းကင်ကြီး မျက်ရည်ကျတာပေါ့နော်။ အင်းလေ . . . သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်ရမယ် ဆိုရင်တော့ ဘယ်ကောင်းတော့မလဲ။ နွယ်လည်း ကြယ်ကြွေတာကို ကြည့်ပြီး အရင်က တော်တော် ပျော်ခဲ့တာ ၊ အခုလို ဆိုရင် ကောင်းကင်ကြီးကိုတောင်မှ သနားဖို့ ကောင်းသွားပြီနော်။ နွယ် ဆုမတောင်းတော့ပါဘူး ကိုရယ်။ ”

            “ ဆုလည်း တောင်းနေစရာ မလိုပါဘူး နွယ်ရယ်။ နွယ့်ဘေးနားမှာ ကိုက ထာဝရ အမြဲတမ်း ရှိနေမှာပါ။ အဲဒါက တောင်းစရာ မလိုသော ဆုပါပဲ။ ”

           “ တကယ်ပြောတာလား ကို ”

           “ တကယ်ပြောတာပေါ့ နွယ်ရဲ့ ”

        “ ဒါဆိုရင်တော့ ကောင်းကင်ကြီးကို ကြည့်ပြီး ကြယ်ကြွေတာကို ထိုင်စောင့် နေစရာ မလိုတော့ဘူးပေါ့။ နွယ် လိုချင်တဲ့ ဆုက အလိုလို ပြည့်တာပေါ့နော်။ ”

           “ ဒါပေါ့ နွယ်ရယ်။ ”

           ကောင်လေးက ကောင်မလေးရဲ့ လက်ကလေးကို လှမ်းကိုင်လိုက်လေ၏။ ထိုအခါမှာ ခုနက ငိုကာ ၊ ယိုကာ စိတ်ကောက်နေသော ကောင်မလေးက ကောင်လေးရဲ့ ချော့ခြင်းမှာ ပျော့ပြောင်းသွားကာ အားမရှိတော့သော လူတစ်ယောက် မဟုတ်ပေမဲ့ ကောင်လေးရဲ့ ပုခုံးပေါ်သို့ ခေါင်းလေး လှမ်း၍ မှီလိုက်လေတော့သည်။

           အချစ် ဆိုတာ လောကမှာ ဒီလိုပဲ နုညံ့ပျော့ပြောင်းပါသည်။ အချစ် ဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရပေမဲ့ တစ်ခါတလေတော့ သင့်တော်သလို ချော့မော့ပြောဆိုဖို့လည်း လိုအပ်ပါသေးသည်။



       မြောက်ပြန်လေတို့က အရပ်ရှစ်မျက်နှာကို သိပ်သိပ်သည်းသည်း တိုးဝှေ့လျက် ရှိ၏။ ချမ်းအေးလှလွန်း၍ ထင်သည် ၊ ကောင်မလေးရဲ့ ဦးခေါင်းက ကောင်မလေးရဲ့ ပုခုံးပေါ်သို့ ပျော့ပြောင်းစွာ မှီတင်နေ၏။ ကြားလေသွေးရင် ဝေးမတတ် ဆိုသော စကားကို ပုံပမာ ပြုနေဟန်ဖြင့် ဆောင်းရဲ့ အအေးဓါတ်ကြောင့် သူတို့ရဲ့ နှစ်ကိုယ်ကြားမှာ မျိုထားမတတ် ထိကပ်နေကြ၏။

            ချစ်ခြင်းမေတ္တာမှာ နယ်ကြားမျဉ်း မရှိဘူး မဟုတ်ပေဘူးလား။




           အထက်ပါ အကြောင်းအရာများသည် “ ချစ်သူ ချော့နည်း ”  ဆိုသော စာအုပ်မှ ဖြစ်ပါသည်။ ထိုစာအုပ်တွင် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ ) နည်း ပါဝင်သည်ဟု သိရှိရပါသည်။

           သို့သော် ထိုစာအုပ်ကို ကျွန်တော် မဖတ်ဖူးပါ။ ထို့ပြင် ကိုင်ကြည့်မိဖို့ နေနေသာသာ မြင်၍မျှပင် မမြင်ဖူးပါ။ ဒါပေမဲ့ ဒီစာအုပ်ထဲက အကြောင်းအရာကို  ခင်မင်သူ တချို့က ပြောပြ၍ အထက်ပါ အတိုင်း ကျွန်တော် အနည်းငယ် ရေးပြခြင်း ဖြစ်ပါသည်။ ထိုအပြင် “ ချစ်သူ ချော့နည်းကျမ်း ” စာအုပ်ကို ထုတ်ဝေသောအခါ အုပ်ရေ ( ၅၀ ) သာ ထုတ်ဝေခဲ့သည် ဟု သိရပါသည်။ ယခုအခါ ထိုစာအုပ်ကို လူငါးယောက်ဆီတွင် လက်ဝယ်ပိုင်ပိုင် ရှိနေသည် ဟု သတင်း သိုးသိုးသန့်သန့် ရရှိထားပါ၏။

            ထိုလူငါးယောက်မှာ -

၁ ) မိုးယံ
၂ ) မောင်မျိုး
၃ ) အုပ်ကြီး
၎ ) မောင်ချစ်
၅ ) ငွေလမင်း တို့ ငါးယောက်ဆီမှာ လက်ဝယ်ပိုင်ပိုင် ရရှိထားသည် ဟု ကြားသိရပါသည်။

           ဒါကြောင့် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ )  နည်းကို သိချင်သူများ ရှိပါက ထိုလူ ငါးယောက်ဆီမှာ သွားရောက် မေးမြန်းသင့်ပါကြောင်း ချောက်တွန်း . . . အဲ . . တိုက်တွန်း ချင်ပါသည်။

           အထက်ပါ ပုဂ္ဂိုလ်ငါးယောက်ကလည်း မိမိတို့ ရရှိထားသော “ ချစ်သူ ချော့နည်းကျမ်း ” ကို ဒီအတိုင်း တစ်ယောက်တည်း ကိုင်ထားကာ မသုံးစွဲဘဲ ၊ ထိုစာအုပ်ထဲမှ ချစ်သူ ချော့နည်းများကို အခြားသော လူများကိုလည်း သုံးစွဲနိုင်ရန် မျှဝေပေးပါဦး ဟု “ မော်ဒန် ဆန်ဆန် Tag ” လိုက်ပါသည်။

*** ချစ်သူမှ မရှိတာ ၊ မရေးတတ်လို့ပါ ၊ ဘာဖြစ်တာ ၊ ညာဖြစ်တာ ဟု ဆင်ခြေတွေ ပေးကာ မရေးခဲ့ရင် ဒီတစ်သက်လုံး သာမက ၊ နောက်ဘဝတွေမှာပါ ချစ်သူ မရှိပါစေနဲ့ဗျာ . . .  ကဲ မှတ်ထား. . ။ ( ကိုဇော် . . .  မင်း ပိုင်သကွာ။ ) ***
ဆက်ဖတ်ရန်>>>

Monday, July 30, 2012

တောင်ပံခတ်သံ

အိပ်မက် ညှီုစို့စို့တွေချည်း
ခဏခဏမော့သောက်နေရတော့ မုန်းသွားပြီ
အမှောင်ကျုတ်ကျုတ် ကျနေတဲ့ဘ၀တွေအကြောင်းတွေးတော့
ရင်ဘတ်က ခါးသွားပြန်တယ်...
အတိတ်ဆိုတာ ချိုချို ခါးခါးပါလေ
မေ့ထားစရာမလို...
အနာဂတ်ကို ပုံဖော်ဖို့ အိပ်မက်တချို့ လတ်ဆတ်ပါရစေ
ဘ၀လှလှတွေကို မိတ္တူကူးရန်မလို...
အခမ်းနားဆုံးမျှော်လင့်ခြင်းတစ်ခင်းစာလောက် စိုက်ပျိုးပါရစေ
ဟိုး....ခပ်ဝေးဝေးကို မျှော်ကြည့်
ဒီမြို့ပျက်အိပ်မက်တွေထဲကနေ ရုန်းထွက်ဖို့
အားထုတ်ပျံသန်း...မကြောက်စတမ်းပါကွဲ့
လာခဲ့ပါ....ခါးသက်ရီဝေဒုက္ခရေ
သင့်ကို နီရဲရဲနှလုံးသားနဲ့ကြိုနေပါရစေတော့.......၊၊
ဆက်ဖတ်ရန်>>>

Sunday, July 29, 2012

မင်းအတွက်


လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တ
စ်ဘ၀စာ)
အရမ်းချစ်တယ်(တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် (၂၄နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီးတိုင်း)
မျှော်လင့်ချင်တယ် (ရန်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပ
ါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love you )


ဆက်ဖတ်ရန်>>>

မလွမ်းကြေး

လွမ်းတယ်
မျက်စောင်း ခဏခဏထိုးတဲ့
လက်မောင်းအိုး လှလှလေးကို လွမ်းတယ်..။

လွမ်းတယ်
တွေ့လိုက်တိုင်း အဆင်သင့် အိစိုနေတဲ့
သူ့အကြည့်ချိုချိုလေးကို လွမ်းတယ်..။

လွမ်းတယ်
မစို့မပို့ တို့ထိမိရုံ
ကြုံဖူးတယ်ရှိ နမ်းလိုက်မိတဲ့
အငိုက်မိ ဘယ်ဘက်ပါးလေးကို လွမ်းတယ်..။

လွမ်းတယ်
အသားကျ ပတ္တာကလေး “ဟ” လိုက်သလို
သူ့ အသံထွက် နှုတ်ခမ်းလေးကို လွမ်းတယ်..။

လွမ်းတယ်
နှစ်ခါသာ လှမ်းမြင်ဖူးခဲ့
လွတ်လွတ်လပ်လပ် သူသန်းဝေနေပုံလေးကို
အားရှိပါးရှိ လွမ်းတယ်..။

လွမ်းတယ်
မကောက်တတ် ကောက်တတ် ကောက်ကောက်ပြနေတတ်တဲ့
အသံတိတ် သူ့စိတ်ကောက်ပုံလေးကို လွမ်းတယ်..။

လွမ်းတယ်
ဘာအလေးချိန်မှ စီးမထားတဲ့
သူ့နားရွက်သီး လုံးလုံးကလေးတွေကို လွမ်းတယ်..။

လွမ်းတယ်
လွမ်းတယ်ကွာ
စွမ်းအားရှိသလောက် ပေါက်ပေါက်ရှာရှာ
လက်မောင်းပေါ်က ကျောက်ဆေးထိုးရာ အမာရွတ်ကလေးက အစ
ဖြည့်ပြီးပြောရရင်
ညည်းရဲ့ ထွက်လေ၀င်လေ ကလေးကိုတောင်
တောက်တောက်ပပ လွမ်းမိပါရဲ့ ကောင်မလေးရယ်..။
ဆက်ဖတ်ရန်>>>