မင်္ဂလာပါဗျာ အလွမ်းသမားမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Wednesday, August 8, 2012

တစ်ကယ်ချစ်ရဲ့လား

မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။ မိန်းကလေးတွေအတွက်သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းကလေးတွေအစ အရွယ်လွန်အပျိုကြီးတွေ တစ်ခါတစ်ရံ တစ်ခုလပ် အိမ်ထောင်ပျက်အစရှိတဲ့အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတဲ့အခါ ရင်ခုန်ရတာကတစ်ဖက် ကြည်နူးရတာက တစ်မျိုးနဲ့  နောက်ဆုံးတော့ တကယ်ချစ်တာမှဟုတ်ရဲ့လားလို့ စိုးရိမ်စိတ်ကပေါ်လာစမြဲပေါ့။ ဒီပညာလေးက လွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့။ တကယ်ချစ်မချစ် တွက်စစ်ကြည့်ရအောင်။
အဆင့်(၁)
ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့အမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေ အဖြစ်ပြောင်းပါ။
အ၊ ဥ၊ သြ = ၁
က၊ ခ၊ ဂ၊ ဃ၊ င = ၂
စ၊ ဆ၊ ဇ၊ စ်၊ ည = ၃
ယ၊ ရ၊ လ၊ ၀၊ သ = ၄
ပ၊ ဖ၊ ဗ၊ ဘ၊ မ = ၅
သ၊ ဟ = ၆
တ၊ ထ၊ ဒ၊ ဓ၊ န = ၇
ဥပမာ - ကိုအောင်ဌေး ဆိုပါစို့။
ရှေ့က ကို ဖြုတ်မယ်။
အောင်ကျော်ဌေး (၁ +၂ +၇ = ၁၀ )
နံပါတ် ၁၀ ဖြစ်ပါတယ်။
အဆင့်(၂)
နောက်ပြီးတော့ ကိုယ်ရောက်နေတဲ့ အသက်နဲ့ ကိုယ့်ရဲ့ နေ့နံ ပေါင်းရပါမယ်။
မွေးနံဂဏန်းကတော့
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇
ဖြစ်ပါတယ်။
ဥပမာ မိမိရဲ့ အသက်က ၂၄ ပြည့်ပြီး ၂၅ ထဲမှာဆိုရင် ၂၅ ယူရပါမယ်။
မိမိက ကြာသပတေးနေ့မွေးတယ်ဆိုပါတော့
ဒါဆို အသက်နဲ့ မွေးနံနဲ့ ပေါင်းရင် ( ၂၅ + ၅ = ၃၀) ပေါ့။
အဆင့် ၁ က ရလဒ် ၁၀ နဲ့ အဆင့် ၂ ကရလဒ် ၃၀ နဲ့ပေါင်းရင် ၄၀ ပေါ့။
ရလာတဲ့ ၄၀ ကို ၇ နဲ့စားရပါမယ်။
အကြွင်း ၁ မှ ၀ အထိ အ ဖြေကို အောက်မှာရေးပြထားပါတယ် ခင်ဗျား။
အကြွင်း ၁ ဟောကိန်း .....
သူ့စကားမှန်ပါတယ်
ဒါပေမယ့် လက်ထက်ဖို့အထိတော့မစဉ်းစားသေးဘူး
လက်ထပ်မယ်ပြောရင် အပေါ်ယံပြောတာ
တကယ်လက်ထက်နိုင်တဲ့အခြေအနေ လက်တလော သူ့မှာမရှိသေးဘူး
ချစ်သူဘ၀နဲ့ တွဲသွားတွဲလာဖို့တော့ကောင်းပါတယ်
ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာအသေအချာပါပဲ
ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတာကို သတိရပါ။
အကြွင်း ၂ ဟောကိန်း .....
ရခဲ့ရင် သိပ်ကောင်းမှာပါ။
သူကကိုယ့်ကို တစ်ကယ်ချစ်နေတာပါ။
သနားဖို့ကောင်းပါတယ်
သူ့ဘ၀ကိုပုံအပ်ပြီးတော့ ကိုယ့်ကိုမျှော်လင့်နေတာပါ
သဘောကျလောက်တဲ့အနေအထားဖြစ်ရင် လက်ခံသင့်ပါတယ်
ကိုယ်ကလက်မထပ်နိုင်ဘူး၊ ပြန်မချစ်နိုင်ဘူးပြောရင်လည်း သူနောက်ဆုတ်သွားမှာပါ
အနှောက်အယှက်ပေးမှာမဟုတ်ပါဘူး။
အကြွင်း ၃ ဟောကိန်း .....
ရခဲ့ရင်တော့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့သာမေးလိုက်ပါတော့
ကိုယ့်ကို အပျော်တွဲ ချင်တာပါ
လေးလေးနက်နက်ချစ်တာမဟုတ်ဘူးနော်
လက်ထပ်ဖို့နေနေသာသာ ရေရှည်တောင်ချစ်ဖို့ မလွယ်ဘူး
ကိုယ်က လက်ခံမိရင် ကိုယ့်အပြင် နောက်တစ်ယောက်နဲ့တွဲတာတို့၊ ကိုယ့်ကိုပစ်လိုက် ပြန်လာလိုက် ကစားနေအုံးမှာ
သူ့ကိုချစ်မယ်ဆိုရင်တောင် အသည်းကွဲ ကာကွယ်ဆေးတော့ထိုးထားဖို့လိုပါမယ်။
မစဉ်းစားတာပဲကောင်းပါတယ်
မိတ်ဆွေလောက်ပဲထားဖို့တန်ပါတယ်။
အကြွင်း ၄ ဟောကိန်း .....
ရပါက တကယ်ချစ်တာပါ
မြတ်နိုးနေတာမှ သဲသဲလှုပ်ပါပဲ
မြတ်မြတ်နိုးနိုး တသက်တာလက်တွဲမယ့်သူပါ
သူက စကားနည်းတယ်
ကိုယ့်အပေါ် သူတတ်နိုင်သလောက် တင့်တင့်တယ်တယ်ထားမှာသေချာပါတယ်။
သဘောကျရင်တော့ လက်ခံသင့်ပါတယ်
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ သူ့အနေအထားတွေကိုတော့ မိန်းကလေးပီပီလည့်တွက်ဦး။
အချစ်ဘက်မှာတော့ အမှတ်ပြည့်ပေးထားတယ်
သူ့ဖက်ကချစ်တာသေချာတယ်
တကယ်လက်ထပ်ဖို့သေချာတယ်
ကိုယ်ကတော့ အချိန်ယူပြီးစဉ်းစားပေါ့
အကြွင်း ၅ ဟောကိန်း .....
ရခဲ့လျှင် သူကိုယ်တိုင် ပြောတာသေချာလားဆိုတာ သူဘာသာတောင်းမသိနိုင်ဘူး
တစ်ခါတစ်လေ ကိုယ့်ကိုချစ်လိုက် မေ့ထားလိုက်နဲ့ လုပ်မှာပါ။
ရည်းစားစကားပြောပြီးရင် မပြောသလိုလို နေမယ်
ကိုယ်က မူပြီး အချိန်ဆွဲထားရင် ထပ်ပြီးအဖြေတောင်းမှာတောင်မဟုတ်ဘူး
သူကကိုယ့်ကိုတစ်ကယ်ချစ်ရဲ့လား ဆိုတာ အချိန်ယူပြီးလေ့လာပါအုံး
ကိုယ်ကသာချစ်နေပြီး မချစ်ခင်က ညွှတ်ချင်ချင်ဖြစ်ပြီး သူ့ကို အဖြေပေးမိရင် လက်ထပ်ဖို့ကိုတော့ အချိန်လေးယူပါဦး။
အကြွင်း ၆ ဟောကိန်း .....
သူက ကိုယ့်အပေါ် တကယ်ကောင်းတဲ့လူလို့သတ်မှတ်လိုက်ပါ။
သူ့မေတ္တာက တည်ငြိမ်တယ်
ကိုယ်မှတပါးအခြားသူတစ်ယောက်ပြောင်းမှာမဟုတ်ဘူး
အတိတ်မှာ ဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ ကိုယ်နဲ့ကျမှတည်တည်ငြိမ်ငြိမ်နဲ့ ချစ်မှာပါ။
အချစ်စစ်ဖြစ်တာမို့ လက်ထပ်သင့်တဲ့သူပါ
သိပ်ချစ်တတ်တဲ့သူပေါ့
True love ဆိုတာလိုပေါ့
ကိုယ့်အသိုင်းအ၀ိုင်းနဲ့ အပ်စပ်ရင်တော့ ကောင်းပြီသာမှတ်လိုက်ပါတော့
အကြွင်း ၀ ဟောကိန်း .....
ရရင်တော့ မဟန်ပါဘူး
သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး
မျက်ရည်နဲ့ဒူးသုတ်ရပါလိမ့်မယ်
မယုံကြည်ရတဲ့သူမို့ မပတ်သက်တာကောင်းပါတယ်
(ယောင်္ကျားလေးတွေအတွက် ဆက်လက်တင်ပြသွားပါမယ်)
မှတ်ချက် ။   ။ စံဇာနီဘို မှ ကူးယူတင်ပြခြင်ဖြစ်ပါသည်။

No comments:

Post a Comment

Blog Archive