မင်္ဂလာပါဗျာ အလွမ်းသမားမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်
Friday, August 31, 2012
☆☆☆Computer Desktop ပေါ်မှာ ပိုးကောင်လေးတွေမွေးမယ်☆☆☆
ဖိုင်ကမ ကြီးပါဘူး။မိမိ Destop ကို အလှလုပ်ချင်တဲ့ သူတွေ အတွက် အသုံးဝင်ပါတယ်။
အားလုံးဘဲ အဆင်ပြေကြပါစေ...........
ဆက်ဖတ်ရန်>>>
Monday, August 20, 2012
ဖုန်းအတွက် ရန်ကုန်လမ်းညွှန်
ကဲ Android ဖုန်းတွေအတွက်ကော်
Apple အတွက်ကော် Java ဖုန်းတွေအတွက်ပါ
ရန်ကုန်လမ်းညွန်ဗျို့
ဒီမှာဒေါင်းနိုင်ပါတယ်
ဆက်ဖတ်ရန်>>>
Wednesday, August 8, 2012
ဟို..... အရင်ချိန်က ဖြူစင်တဲ့ပန်းတစ်ပွင့်
ဘာ့ကြောင့်မေ့မရတာလည်း မိန်းကလေးရယ်
ငါ့နင့်ကို တကယ်ပဲ ချစ်ခဲ့မိတာလား
အနေတွေနီးခဲ့လို့ သံယောဇဉ်တွေ
ငြိုတွယ်ခဲ့မိတာလား ....
ခက်တယ် ...
မင်းကို သတိရစိတ်တွေနဲ့
ရှေ့ဆက်ရမယ့် နေ့ရက်တွေကို
ငါကြောက်နေမိတယ် ... ။
ဟိုအ၇င်က ငါနဲ့မင်းအတူနေခဲ့စဉ်က
ငါဘာတွေပဲ လုပ်လုပ်
ဘယ်သူတွေ ငါ့အကြောင်းကို
မကောင်းဘူးပဲ ပြောပြော
အပြစ်မမြင်ပဲ အရှက်တင်ခံပြီး
ငါ့ကို ဆက်ချစ်နေခဲ့တဲ့မင်းကို
အခုချိန်မှာ....
တောင်းတ သတိရနေမိတာတော့
အမှန်ပါ.....။
ဆက်ဖတ်ရန်>>>
တစ်ကယ်ချစ်ရဲ့လား
မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။ မိန်းကလေးတွေအတွက်သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းကလေးတွေအစ အရွယ်လွန်အပျိုကြီးတွေ တစ်ခါတစ်ရံ တစ်ခုလပ် အိမ်ထောင်ပျက်အစရှိတဲ့အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတဲ့အခါ ရင်ခုန်ရတာကတစ်ဖက် ကြည်နူးရတာက တစ်မျိုးနဲ့  နောက်ဆုံးတော့ တကယ်ချစ်တာမှဟုတ်ရဲ့လားလို့ စိုးရိမ်စိတ်ကပေါ်လာစမြဲပေါ့။ ဒီပညာလေးက လွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့။ တကယ်ချစ်မချစ် တွက်စစ်ကြည့်ရအောင်။
အဆင့်(၁)
ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့အမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေ အဖြစ်ပြောင်းပါ။
အ၊ ဥ၊ သြ = ၁
က၊ ခ၊ ဂ၊ ဃ၊ င = ၂
စ၊ ဆ၊ ဇ၊ စ်၊ ည = ၃
ယ၊ ရ၊ လ၊ ၀၊ သ = ၄
ပ၊ ဖ၊ ဗ၊ ဘ၊ မ = ၅
သ၊ ဟ = ၆
တ၊ ထ၊ ဒ၊ ဓ၊ န = ၇
ဥပမာ - ကိုအောင်ဌေး ဆိုပါစို့။
ရှေ့က ကို ဖြုတ်မယ်။
အောင်ကျော်ဌေး (၁ +၂ +၇ = ၁၀ )
နံပါတ် ၁၀ ဖြစ်ပါတယ်။
အဆင့်(၂)
နောက်ပြီးတော့ ကိုယ်ရောက်နေတဲ့ အသက်နဲ့ ကိုယ့်ရဲ့ နေ့နံ ပေါင်းရပါမယ်။
မွေးနံဂဏန်းကတော့
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇
ဖြစ်ပါတယ်။
ဥပမာ မိမိရဲ့ အသက်က ၂၄ ပြည့်ပြီး ၂၅ ထဲမှာဆိုရင် ၂၅ ယူရပါမယ်။
မိမိက ကြာသပတေးနေ့မွေးတယ်ဆိုပါတော့
ဒါဆို အသက်နဲ့ မွေးနံနဲ့ ပေါင်းရင် ( ၂၅ + ၅ = ၃၀) ပေါ့။
အဆင့် ၁ က ရလဒ် ၁၀ နဲ့ အဆင့် ၂ ကရလဒ် ၃၀ နဲ့ပေါင်းရင် ၄၀ ပေါ့။
ရလာတဲ့ ၄၀ ကို ၇ နဲ့စားရပါမယ်။
အကြွင်း ၁ မှ ၀ အထိ အ ဖြေကို အောက်မှာရေးပြထားပါတယ် ခင်ဗျား။
အကြွင်း ၁ ဟောကိန်း .....
သူ့စကားမှန်ပါတယ်
ဒါပေမယ့် လက်ထက်ဖို့အထိတော့မစဉ်းစားသေးဘူး
လက်ထပ်မယ်ပြောရင် အပေါ်ယံပြောတာ
တကယ်လက်ထက်နိုင်တဲ့အခြေအနေ လက်တလော သူ့မှာမရှိသေးဘူး
ချစ်သူဘ၀နဲ့ တွဲသွားတွဲလာဖို့တော့ကောင်းပါတယ်
ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာအသေအချာပါပဲ
ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတာကို သတိရပါ။
အကြွင်း ၂ ဟောကိန်း .....
ရခဲ့ရင် သိပ်ကောင်းမှာပါ။
သူကကိုယ့်ကို တစ်ကယ်ချစ်နေတာပါ။
သနားဖို့ကောင်းပါတယ်
သူ့ဘ၀ကိုပုံအပ်ပြီးတော့ ကိုယ့်ကိုမျှော်လင့်နေတာပါ
သဘောကျလောက်တဲ့အနေအထားဖြစ်ရင် လက်ခံသင့်ပါတယ်
ကိုယ်ကလက်မထပ်နိုင်ဘူး၊ ပြန်မချစ်နိုင်ဘူးပြောရင်လည်း သူနောက်ဆုတ်သွားမှာပါ
အနှောက်အယှက်ပေးမှာမဟုတ်ပါဘူး။
အကြွင်း ၃ ဟောကိန်း .....
ရခဲ့ရင်တော့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့သာမေးလိုက်ပါတော့
ကိုယ့်ကို အပျော်တွဲ ချင်တာပါ
လေးလေးနက်နက်ချစ်တာမဟုတ်ဘူးနော်
လက်ထပ်ဖို့နေနေသာသာ ရေရှည်တောင်ချစ်ဖို့ မလွယ်ဘူး
ကိုယ်က လက်ခံမိရင် ကိုယ့်အပြင် နောက်တစ်ယောက်နဲ့တွဲတာတို့၊ ကိုယ့်ကိုပစ်လိုက် ပြန်လာလိုက် ကစားနေအုံးမှာ
သူ့ကိုချစ်မယ်ဆိုရင်တောင် အသည်းကွဲ ကာကွယ်ဆေးတော့ထိုးထားဖို့လိုပါမယ်။
မစဉ်းစားတာပဲကောင်းပါတယ်
မိတ်ဆွေလောက်ပဲထားဖို့တန်ပါတယ်။
အကြွင်း ၄ ဟောကိန်း .....
ရပါက တကယ်ချစ်တာပါ
မြတ်နိုးနေတာမှ သဲသဲလှုပ်ပါပဲ
မြတ်မြတ်နိုးနိုး တသက်တာလက်တွဲမယ့်သူပါ
သူက စကားနည်းတယ်
ကိုယ့်အပေါ် သူတတ်နိုင်သလောက် တင့်တင့်တယ်တယ်ထားမှာသေချာပါတယ်။
သဘောကျရင်တော့ လက်ခံသင့်ပါတယ်
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ သူ့အနေအထားတွေကိုတော့ မိန်းကလေးပီပီလည့်တွက်ဦး။
အချစ်ဘက်မှာတော့ အမှတ်ပြည့်ပေးထားတယ်
သူ့ဖက်ကချစ်တာသေချာတယ်
တကယ်လက်ထပ်ဖို့သေချာတယ်
ကိုယ်ကတော့ အချိန်ယူပြီးစဉ်းစားပေါ့
အကြွင်း ၅ ဟောကိန်း .....
ရခဲ့လျှင် သူကိုယ်တိုင် ပြောတာသေချာလားဆိုတာ သူဘာသာတောင်းမသိနိုင်ဘူး
တစ်ခါတစ်လေ ကိုယ့်ကိုချစ်လိုက် မေ့ထားလိုက်နဲ့ လုပ်မှာပါ။
ရည်းစားစကားပြောပြီးရင် မပြောသလိုလို နေမယ်
ကိုယ်က မူပြီး အချိန်ဆွဲထားရင် ထပ်ပြီးအဖြေတောင်းမှာတောင်မဟုတ်ဘူး
သူကကိုယ့်ကိုတစ်ကယ်ချစ်ရဲ့လား ဆိုတာ အချိန်ယူပြီးလေ့လာပါအုံး
ကိုယ်ကသာချစ်နေပြီး မချစ်ခင်က ညွှတ်ချင်ချင်ဖြစ်ပြီး သူ့ကို အဖြေပေးမိရင် လက်ထပ်ဖို့ကိုတော့ အချိန်လေးယူပါဦး။
အကြွင်း ၆ ဟောကိန်း .....
သူက ကိုယ့်အပေါ် တကယ်ကောင်းတဲ့လူလို့သတ်မှတ်လိုက်ပါ။
သူ့မေတ္တာက တည်ငြိမ်တယ်
ကိုယ်မှတပါးအခြားသူတစ်ယောက်ပြောင်းမှာမဟုတ်ဘူး
အတိတ်မှာ ဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ ကိုယ်နဲ့ကျမှတည်တည်ငြိမ်ငြိမ်နဲ့ ချစ်မှာပါ။
အချစ်စစ်ဖြစ်တာမို့ လက်ထပ်သင့်တဲ့သူပါ
သိပ်ချစ်တတ်တဲ့သူပေါ့
True love ဆိုတာလိုပေါ့
ကိုယ့်အသိုင်းအ၀ိုင်းနဲ့ အပ်စပ်ရင်တော့ ကောင်းပြီသာမှတ်လိုက်ပါတော့
အကြွင်း ၀ ဟောကိန်း .....
ရရင်တော့ မဟန်ပါဘူး
သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး
မျက်ရည်နဲ့ဒူးသုတ်ရပါလိမ့်မယ်
မယုံကြည်ရတဲ့သူမို့ မပတ်သက်တာကောင်းပါတယ်
(ယောင်္ကျားလေးတွေအတွက် ဆက်လက်တင်ပြသွားပါမယ်)
မှတ်ချက် ။   ။ စံဇာနီဘို မှ ကူးယူတင်ပြခြင်ဖြစ်ပါသည်။
ဆက်ဖတ်ရန်>>>
နောက်ခံ ဓါတ်ပုံလေးတွေပါ
ဆက်ဖတ်ရန်>>>
သတိရတိုင်းလွမ်းတယ်
သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ သတိရတယ်...။
သတိရခြင်းတို့ 
ကြီးစိုးလာတိုင်း
ဒီရင်ထဲ 
အလွမ်းက အောင်လံလွှင့်တယ်...။
သတိရခြင်းတို့ 
ငွေ့ ရည်ဖွဲ့ လာတိုင်း
ဒီရင်ထဲ
အလွမ်းက မစဲတော့ဘူး...။
သတိရလွန်းလို့ 
ကျမျက်ရည်
မြစ်၊ ချောင်းအသွင်ဆောင်
အလွမ်းပင်လယ်ဆီ
စီးဝင်တော့မယ်....။
သတိရတိုင်း
ဝေ့သီလာတဲ့ အလွမ်း
ယောက်ကျားမာနနဲ့ 
ဘယ်လို တင်းထားတင်းထား
လွမ်းတာက လွမ်းတာဘဲ...။
သတိရတိုင်း 
ထုတ်ထုတ်လွမ်းဖို့ 
ချစ်သူကို
ဘယ်ဘက်ရင်ဘတ်ထဲ 
ထည့်သိမ်းထားတယ်...။
ဒါကြောင့်...
ချစ်သူကို
သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ 
ပိုပိုသတိရမိတယ်...။
ဆက်ဖတ်ရန်>>>
အတောင်ပံတစ်စုံနဲ့လူ.....
အိန်ဂျယ်တဲ့
တိမ်တွေဆီမှာနေတာလား
အငွေ့အသက်နဲ့
မိုးငွေ့ဆီမှာနေတာလား
ဘယ်မှာနေနေ ဘယ်မှာနားနား
ငါမသိရိုးအမှန်ပါ ။( ဒါက ကဗျာဆရာလွင်ပြင်ပြောတာပါ)
အိန်ဂျယ်.........
ရင်ခွင်နန်းမှာစံ
နူးညံ့တဲ့ အမိန့်တွေနဲ့
ကိုယ့်နှလုံးသားကို အုပ်စိုးပါ
အိန်ဂျယ်အမြောက်အမြားက
ဘယ်မှာနားတယ် ကိုယ်မသိပေမယ့်
ကိုယ်ရဲ့ မူပိုင် အိန်ဂျယ်..
မင်းကတော့ ကိုယ့်အနားမှာ
ဘယ်မှထွက်မသွားဘဲ
သံသရာအဆက်ဆက်
နှလုံးသားမှာ ထာဝရ အုပ်စိုးထားပါလို့
(ကိုယ့်ဆုတောင်းလေးတွေ ပြည့်ပါရစေ) ။
အိန်ဂျယ်.....ရေ
အတွေ့အထိတွေကြားမှာ
ရိုးအီသွားတာကိုယ်ကြားဖူးတယ်
အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။
အိန်ဂျယ်.......
မင်းနဲ့ ပတ်သက်သမျှ ခံစားချက်တွေ
တနင့်တပိုး ကိုယ်ထုပ်ပိုးထားပေမယ့်
ထုတ်ပြစရာ အနားမှာ ဘယ်သူမှမရှိ
ရင်ဘတ်ဟောင်းလောင်းထဲမှာ သိမ်းဆည်းထားတာများလို့
လျှံကျလာတဲ့ ခံစားချက်တချို့တ၀က်ကို
ကိုယ်ကဗျာတစ်ပုဒ်လုပ်ခဲ့မိတယ် ။
ဆက်ဖတ်ရန်>>>
နတ်သမီးလေး
ဒီကျွန်းမှာ ငါကသူစိမ်း
ဒါပေမယ့်....
မင်းဆံပင်ယိမ်းပုံကိုတော့ အလွတ်ရတယ်
ကောလဟာလ တွေ သိပ်မှန်နေတယ်
ဒီအင်ပါယာကို မင်းရဲ့ အကြင်နာနဲ့
ညှင်ညှင်သာသာလေး သိမ်းခဲ့တာတဲ့
မင်းရဲ့ ပန်းသီလက်
မင်းရဲ့ ခပ်ဖွဖွ တောင်ပန်ခတ်သံ
ဆည်းလဲ သံ
ချောင်းရေစီးသံ
သစ်ရွက်ကြွေသံ
အဲဒါတွေကို မင်းဖန်ဆင်းထားတာတဲ့
ငါလည်း စစ်သားအိုပါဘဲ
ဒါပေမယ့်....
တမ်းတစရာ ငယ်ချစ်ဦး နဲ့ ဓားအို တော့ ငါ့မှာမရှိဘူး
မင်းဝှက်ခဲ့တဲ့ စကားထာ ဘဲရှိတယ်..
``ရေ... လယ်... ခေါင် ... သောင် ... ထွန်း .. နတ် .. သ ..မီး .. နေ.. တဲ့ .. .ကျွန်း..`
ဆက်ဖတ်ရန်>>>
ချစ်သူအတွက် အသဲလက်ဆောင်
ပုံတွင်ပြထားသည့်အတိုင်း ဘေးတဖက်စီကို အလယ်သို့ခေါက်ပါ
ပိုနေသော စာရွက်သားများကို ဖြတ်ထုတ်ပြစ်ပါ
ဖြတ်ထုတ်လိုက်သော ဘက်မှ အထက်သို့ (၂ဖက်လုံး) ခေါက်ပါ။ ထိပ်အချွန်လေးကို ဟ၍ ဘေးတိုက်အနေထေားဖြစ်အောင် ပြန်ဖိပါ
၂ဖက်လုံးကို ဤကဲ့သို့ ခေါက်ပါ
လက်မနှင့် ဖိပြထားသောဒေါင့် ၄ဒေါင့်ကိုကျန်ရှိနေသော ထိပ်ချွန်၂ဆီသို့ ပြန်ခေါက်တင်ပါ
ပြီးလျှင် ပြောင်းပြန် ခေါက်ပါ
 ပုံတွင်မြင်ရသည့်အတိုင်း အခေါက်သေးလေးများဖြစ်အောင် ထပ်ခေါက်ပါ
ထိပ်ချိန်လေးများကို ဟပြီး ပြားချလိုက်ပါ
 ထိုသို့ ၄ဖက် ၄တန်ပန်းပွင့်ပုံသဏ္ဌာန်ဖြစ်သွားပြီဆိုလျှင် မိမိကြိုက်ရာထိပ်ချွန်တဖက်ကို အခြားတဖက်နှင့် ပူးပါ(ခေါက်ပါ)
ထိုအဆင့်များပြီးသွားလျှင်တော့ ပုံတွင်မြင်တွေ့ရသည့် “ စက္ကူ အသဲလှလှလေး” တခု ကို ချစ်သူအတွက် လက်ဆောင်ပေးလို့ရပါပြီခင်ဗျာ...........။
ဆက်ဖတ်ရန်>>>
“ချစ်သူအမောပြေ တစ်ရှိုက်မက်မက်နမ်းစေ”
နင့်ကြောင့်ပေါကွယ်..
ငါ့မျက်ရည်တွေလည်းခမ်း
အထီးကျန်ခြင်းတွေလည်း လွင့်မျောသွားခဲ့
ငါ နင့်ကိုလွမ်းတယ်
စက္ကန့်နဲ့အမျှပေါ့
အိပ်မက်တွေကိုနှိုးဆွ
နိုးမထတော့တဲ့ ဒဏ္ဍာရီထဲ
နင်နဲ့ငါ့ ရာဇဝင်ဟာ
အာဒံနဲ့ဧဝဖြစ်ခဲ့
နင်ပြောခဲ့ဖူးတဲ့..
Mediterraneanပင်လယ်ပြင်အကြောင်း
ငါပြောခဲ့ဖူးတဲ့..
Greek Goddess of loveအကြောင်း
ငါတို့နှစ်ယောက် တစ်ယောက်တစ်လှည့်ပြောခဲ့ကြတဲ့ ..
Princess and Photographer အကြောင်း..
တစ်ကယ်ဆိုရင်
တို့နှစ်ယောက်မတွေ့ခဲ့ကြရင်ကောင်းသား
မျဉ်းပြိုင်နှစ်ကြောင်းရဲ့အချစ်ဇာတ်လမ်းလို
နီးလျှက်နဲ့ဝေးတာလား
ဝေးလျှက်နဲ့နီးတာလား
သေခြာတာတစ်ခုကတော့
ဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့...
“ချစ်ရေ...”လို့သာလှမ်းခေါ်လိုက်
နင့်အသံကို ဘဝ(၁၀၀)ခြားတောင် မှတ်မိတယ်
မယုံရင်လှမ်းခေါ်ကြည့်လိုက်
ရောက်ရာဘဝကနေ ပြေးလာမယ့်သူ
ငါက နင်အမောပြေ ရေကြည်တစ်ခွက်ဖြစ်တယ်
နင်က ငါနားခိုရာ အရိပ်သစ်ပင်ဖြစ်တယ်
ငါက နင်အပမ်းဖြေရာ ဥယျာဉ်တစ်ခုဖြစ်တယ်
နင်က ငါအားကိုးရာ လူစွမ်းကောင်းတစ်ယောက်ဖြစ်တယ်
ငါက နင်မြတ်နိုးရာ ချစ်သူတစ်ယောက်ဖြစ်တယ်
နင်က နှင်းဆီတစ်ခင်းကိုဖန်ဆင်း ငါ့ကိုနူးညံ့စွာသက်ဆင်းစေခဲ့တယ်...
ကျေးဇူးပါအချစ်ရယ်..
နင်အမောပြေစေဖို့ ထာဝရရည်စူး
အချစ်ဖူးအတွက်...
ငါ့ရင်ခွင်ဧည့်ခန်းမှာ စံပယ်ဖြူပင်တွေကိုစိုက်
ချစ်သူတစ်ရှိုက်မက်မက်နမ်းစေသတည်း.....။
ဆက်ဖတ်ရန်>>>
Sunday, August 5, 2012
ပန်း
ပင်မြင့်ထက်ကပန်း
မင်းကို နှစ်ခြိုက်လို့
ခူးဖို့ ရွယ်မိပါရဲ့
ဒါပေမဲ့........
နောက်ကျသွားခဲ့တယ်
ကိုယ်၇ွယ်မိတဲ့ပန်းမှာ
ခူးဆွတ်မဲ့သူ
အသင့်၇ှိနေလေတော့
အဝေးကပဲ ကိုယ်ဟာ
ပန်းရဲ့အလှကို
ငေးကြည့်နေပါတယ်...........
ဆက်ဖတ်ရန်>>>
အပျော်တမ်း video edit လုပ်ကြည့်ရအောင်
အပျော်တမ်းဆိုပေမယ့် တကယ်တမ်းလက်တွေ့ သုံးချင်လည်း သုံးလို့ရပါတယ်။ တကယ်တမ်းက အပျော်တမ်းလို့ ရေးလိုက်တာသည် သုံးရတာ အရမ်းလွယ်ကူတဲ့အတွက်ကြောင့် ရေးလိုက်တာ ဖြစ်ပါသည်။ တကယ်ကျွမ်းကျင်လို့ ဒါကိုပဲ သဘောကျလို့ပဲဖြစ်ဖြစ်၊ ကိုကြိုက်တာကိုသုံးပြီး တည်းဖြတ်နိုင်ပါတယ်။ ကဲဘာတွေ စွမ်းဆောင်နိုင်သလဲ။ ဘာတွေလွယ်ကူတာလဲဆိုတော့ .....
* Easy handling (“one click”)
* Adjustment of brightness, contrast etc.
* Adding background music and effects
* Simultaneous encoding of several videos
* Upload videos to YouTube
* Creation of videos in Facebook or MyVideo format
* Touch screen support
ကဲ အဲ့ဒါတွေပါပဲ။ လိုချင်ရင် အောက်မှာ Download လုပ်ယူလိုက်ပါ။
ဆက်ဖတ်ရန်>>>
ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.12 Build 7 Beta  လေးတင်ပေးလိုက်ပါတယ်။  အရင်နေ့က 6.12 Build 7     ထွက်ပြီးပါပြီ။  IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်. အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက် ပါဗျာ..
Internet Download Manager 6.12 Beta Build 7
Downloading from ziddu
ဆက်ဖတ်ရန်>>>
Virus ကြောင့်ပဲဖြစ်ဖြစ် ပျောက်နေသော File လေးတွေ ပြန်ဖေါ်ယူနည်း
Virus ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် မှတ်ထားသော File လေးတွေပျောက်သွားရင် အရင်ဆုံး Hidden လုပ်ထားသော File ကိုဝင်ပါ။ပြီးရင် Tools-----------Folder Options----------View ထဲကနေ Hidden Files&Folder ထဲကနေ Show Hidden File,Folder&Drives ကိုရွေးပါ။ဒါမှမပေါ်လျှင် High Protect Operating System File (Recommended) ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။
       ဒီလိုမှဖော်မရသေးလျှင် Window-----Start မှ Run တွင်ဝင်လိုက်ပါ။Run Box တွင် cmd ကိုရွေးပါ။မတွေ.လျှင်(Window+R------Run Box) ထဲတွင် cmd လို.ရိုက်ထည့်လိုက်ပါ။ cmd တက်လာပါက ကိုယ်ဖော်ချင်သော Folder ထဲကိုဝင်ပါ။
       ဥပမာ-ပျောက်နေသော File တွေရှိတဲ့နေရာက Stick ထဲမှာဆိုရင် Stick နာမည်ကို ရိုက်ထည့်ပါ။Stick Name ;E ဆိုပါက (E) ဟု Common Line တွင် ရိုက်ထည့်ပေးပါ။ထိုအခါ E; ထဲသို. ရောက်သွားမှာ ဖြစ်ပါတယ်။
       ဒီအချိန်မှာ ပျောက်နေသော File ကိုဖော်ဖို.အတွက် E:\> attrib-S-H-R-A **/S/D လို.ရိုက်ထည့်ပေးပါ။
             S   ဆိုတာက  Strick
             H   ဆိုတာက Hidden File
            R    ဆိုတာက Read-Only File
            A    ဆိုတာက Archive File
                                                                                                             ဒါဆိုရင် ပျောက်နေသော File လေးတွေကို ပြန်ဖော်ရန်အဆင်ပြေကြလောက်ပါပြီ။အခက်အခဲလေးတွေကိုကျော်ဖြတ်နိုင်ပါစေနော်။
ဆက်ဖတ်ရန်>>>
တစ်ခေါက်လောက်တော့ လွမ်းပေးပါ
 အခိုက်အတန့်ဆိုတဲ့ ခဏလေးတွေကို
ငါတစ်ခဏပိုင်ဆိုင်ချင်တယ်
နင်ငါ့ကိုလွမ်းမယ့် တဒင်္ဂလေးတွေပေါ့...
တကယ်ပါ...
အများကြီးလဲမတောင်းဆိုဝံ့ဘူး
တခါတလေတော့ ငါလဲ
နင့်အိပ်မက်တွေထဲမှာပါချင်တာပေါ့.....
တခါတလေလဲ
နင့်စိတ်ကူးတွေမှာ နေရာယူချင်တယ်....
ခဏလောက်ပဲဖြစ်ဖြစ်
နင်ငါ့ကိုသတိရတယ်ဆိုရင်
ငါနေပျော်ပါတယ်.....
ကျေးဇူးပြုပြီးတော့လေ
အပန်းမကြီးဘူးဆိုရင်ပေါ့
တစ်ခါလောက်ပဲဖြစ်ဖြစ်
ငါ့ကိုလွမ်းပေးပါလားဟာ........
တစ်ခဏလောက်
ပျော်ဖူးချင်လို့ပါ.............
ဆက်ဖတ်ရန်>>>
ရက်ရက်စက်စက်လုပ်ခဲ့တဲ့ မင်း.
သေနေတဲ့ ငါ့နှလုံးသားကို
ရှင်သန်အောင် နိုးထစေခဲ့ပြီးမှ
ပြန်လည်း အိပ်စက်ပါတော့လို့
ပြောခဲ့တဲ့ မင်း.............
ပျော်ရွှင်မူတွေနဲ့အတူ
အမှတ်မထင် ငါအံ့သြလောက်အောင်
အမှတ်တရတွေကို လုပ်ပြခဲ့တဲ့
မင်း...................
သေးငယ်တဲ့ အဖြစ်အပျက်တွေကိုစပြီး
ရှုတ်ထွေးလွန်းတဲ့ ပြသနာတွေကို
လုပ်ပြသွားတဲ့ မင်း........
အော်..............
အခုတော့ ကိုယ်ရာသီမဟုတ်ပဲ
သည်းသည်းမဲမဲ ရွာချလိုက်တဲ့
မိုးရေတွေလို ယောကျာင်္းလေးတန်ပဲ
ငါငိုနေရပြီပေါ့
ချမ်းမြေ့ရယ် ..... ။
(မင်းကို ချစ်လွန်းလို့သာ မင်းပြောခဲတဲ့အတိုင်း နေပေးခဲ့ရပေမယ့် ငါ့နှလုံးသားလေးအရမ်းကို နာကျင်လွန်းနေပြီ ကောင်မလေးရယ် .....)
ဆက်ဖတ်ရန်>>>
Friday, August 3, 2012
မမေ့သေးပါဘူး
.နင်..နဲ့ပြတ်ခဲ့ပြီးတဲ့နောက်..
..
ငါ့ ရင်ထဲ ကို နောက်ထပ်တစ်ယောက်ဆိုတာ..
...
ရောက်မလာခဲ့ပေမဲ့........
...
နင့်ဘေးမှာ..ငါရှိခဲ့ဖူးတဲ့..
နေရာ..ကွပ်လပ်လေးကို...
ဘယ်နှစ်ယောက်များ...
သတ်မှတ်..ထားခဲ့ဖူးပြီ..လဲ...
.................................
အတိတ်မှာချစ်ခဲ့ဖူး...သူမို..
မေ့ပြစ်ပြီး...
....
စိတ်နာဖို့..နေနေသာသာ...
အိပ်ယာဝင်...
.အိပ်ယာထတိုင်း..ငါ..
သတိရနေမိတယ်....
.........
ရင်ဘတ်ထဲက..
...
နီးခဲ့ဖူးတဲ့ရက်တွေက...
...
နေ့မှည.....များ..ခြားသွားပြီဆိုတော့...
...
နင့်ဘက်က.....
..
ပြီးခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်လို....
....
မေ့များ..သွားပြီပေါ့.....
....
အရှုံးပေးနေပါတယ်...ဆိုတဲ့သူကိုမှ..
...
အနိုင်ယူ..ချင်တုန်းဘဲလား...
....
ငါ့..နှလုံးသားတစ်ခုလုံးကို...
...
အပိုင်ယူကာ..နင်လိုရာ..သုံးပါ....
...
ငါ..ငိုတာ...တစ်ညလုံး...
...
ဖြစ်နေပါစေ.....
နင်သာ......
ချိုသာ..ပြုံး..နေမယ်ဆို....
ငါ..ဒီတစ်ဘ၀လုံး...
နင်..အသစ်တွေ..ဘယ်လိုတွဲ... တွဲ...
ငါ့..ဘက်က..မပြတ်နိုင်...
ချစ်နေဆဲပါ...........
ဆက်ဖတ်ရန်>>>
Thursday, August 2, 2012
သိပ်မနောက်ပါနဲ့တော့အရူးမလေးရယ်..
ဟိတ်............
တိတ်တိတ်လေးမင်းလာပြီး
တိုးတိုးလေးခိုးယူသွားတယ်
ပါးပါးလေးကျန်တော့တဲ့
ငါ့နှလုံးသားလေးသနားပါတယ်
သိပ်မနောက်ပါနဲ့တော့ကွယ်
မသာမယာ
ခွာသံပေးပြီး
ခတ်ဆက်ဆက်လေးဆွဲယူလိုက်တဲ့
ငါ့ရင်ခွင်ထဲက
သံယောဇဉ်ကြိုး
မင်းဘယ်တိုင်မှာသွားချည်မိတာလဲ
သိပ်မနောက်ပါနဲ့အရူးမလေးရယ်.....
မင်းဖမ်းဆုပ်လိုက်တဲ့
ငါ့နှလုံးသား
အခုတော့မှတော်တော်နာမိတယ်
သိပ်မနောက်ပါနဲ့တော့အရူးမလေးရယ်.....။   ။
ဆက်ဖတ်ရန်>>>
ချစ်သူရဲ့ ဥပက္ခာ
သတိရတယ်.........
မျက်တောင် တစ်ချက်ခတ်လိုက်တိုင်....
လွမ်းမိတယ်........
အိပ်ရေးပျက်ပေါင်းများစွာ.....
ချစ်ခဲ့မိတယ်.....
နှလုံးသားနဲ့ရင်းပြီး......
ပြန်ရလိုက်တယ်......
ဥပက္ခာ နဲ့ အမုန်းတွေ.......
ဘာလုပ်ရမှာလဲ.....
မျှော်လင့်ချက်တွေ ပျက်စီး.
နင့်ကို လွမ်းတိုင်း ကျခဲ့တဲ့
မျက်ရည်တွေ..နဲ့..
အိပ်ရေးပျက်ခဲ့ရတဲ့ညပေါင်းများစွာ.....
အစားထိုးစရာ ဘာရှိမှာလဲ....
သေချာပါတယ်.....
နင့်ကို သတိရတိုင်းး
လွမ်းဆွေးမိခဲ့တဲ့
ငါ့ကိုယ်ငါ မုန်းမိတယ်....
ချန်ခဲ့ပါ..
ကျန်ခဲ့မှာပါ...
ဒါပေမဲ့...
ပြန်လှည်မလာပါနဲ့တော့....
ဆက်ဖတ်ရန်>>>
gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့
၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။
၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။
၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။
၎။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ
အစိမ်းရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ... အပြာနုရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ...
ဆက်ဖတ်ရန်>>>
လေ့လာစရာ
  • Iphone,Ipad စသည့် Idevice တွေပျောက်ရင်ပြန်ရှာပေးမယ့်ဆိုက်
  • Hacking နဲ့ပတ်သက်ပြီးဗဟုသုတအတွက်အမေးအဖြေဆိုက်
  • ဗိုင်းရပ်စ်တွေကိုမှတ်တမ်းတင်ပြီးစစ်ပေးတဲ့ဆိုက်
  • WebDesign နဲ့ အခြားဒီဇိုင်းပေါင်းများစွာလေ့လာလို့ရမယ့်ဆိုက်
  • ဓာတ်ပုံပညာကိုအဆင့်မြင့်လေ့လာလို့ရမယ့်ဆိုက်
  • Photoshop ဂုရုတစ်ယောက်ဖြစ်စေမယ့်ဆိုက်
  • ၀ဘ်ဒီဇိုင်းပေါင်းများစွာအတွက်သင်ကြားပေးတဲ့ဆိုက်
  • ဖိုတိုရှော့ရဲ့ တိမ်မြုပ်နေတဲ့အရည်အချင်းတွေကိုပြသပေးတဲ့ဆိုက်
  • ခေတ်မီဆန်းပြားဓာတ်ပုံတွေအတွက် ကြည့်ရုံဖြင့်တန်စေမည့်ဆိုက်
  • Website သင်ခန်းစာလေးတွေအတွက်ဆိုက်လေးတစ်ခုပါပဲ
  • ကမ္ဘာ့နာမည်ကြီးအနုပညာရှင်စွယ်စုံကျမ်းကြီး
  • တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပညာရပ်များကိုဖော်ထုတ်ဖို့အတွက်ဆိုက်
  • မိုဘိုင်းဖုန်းစွယ်စုံကျမ်းဆိုက်
  • နက္ခတ္တဗေဒပညာနဲ့ သိပ္ပံနည်းကျကျ လေ့လာလို့ရတဲ့ဆိုက်
  • ဂိမ်းကစားသူတွေနဲ့ တီထွင်သူတွေပါရှိတဲ့ဆိုက်
  • ကာတွန်းစွယ်စုံကျမ်းဆိုက်
  • ၀င်ကြည့်ရင် ဓာတ်ပုံပညာတစ်ဆင့်တက်စေမယ့်ဆိုက်
  • ဒါလည်းဖိုတိုရှော့သင်ခန်းစာတွေစုစည်းပေးထားတဲ့ဆိုက်လေးပါပဲ။
  • 3D ပုံဖော်နိုင်တဲ့ဆိုက်
  • ထူးထူးခြားခြား ဖိုတို Effect တွေ တစ်ခေတ်ဆန်းစေတဲ့ဆိုက်
  • ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များစွာကို မြန်မာဘာသာဖြင့် လေ့လာနိုင်သည့်ဆိုက်
  • ဘာသိချင်လည်း မေးနိုင်သည့်ဆိုက်
  • မိုဘိုင်းဆိုင်ရာ ပြည်တွင်းထုတ်မဂ္ဂဇင်းတစ်စောင်
  • ပန်းချီပညာကိုသင်ကြားပေးနေသော အထင်ကရဆိုက်
  • ပိုစတာဒီဇိုင်း(၅)သိန်းကျော်ရှိသည့်ဆိုက်
  • မြန်မာ့အနုပညာလက်ရာများမြင်တွေ့နိုင်သည့်ဝဘ်ဆိုက်
  • Animation ပညာလေ့လာသူများ၊အသင့်သုံးရန်ရယူလိုသူများအတွက်ဝဘ်ဆိုက်
  • MP3 ဖုန်းခေါ်သံများရယူနိုင်သည့်ဆိုက်
  • website ဒီဇိုင်းများရယူလေ့လာရေးဆွဲနိုင်ပြီး ဒီဇိုင်းပညာရပ်များလေ့လာ လေ့ကျင့်နိုင်သည့်ဆိုက်
  • Designer ကောင်းတစ်ယောက်ဖြစ်လိုကလေ့လာသင့်သည့်ဆိုက်
  • ကိုယ်ပိုင်ပန်းချီပြခန်းဖွင့်နိုင် ပြီးပညာရှင်တို့၏ ပန်းချီလက်ရာများ လေ့လာနိုင်သည့်ဆိုက်
  • ကိုယ်ပိုင် website အတွက် အသင့်သုံးဒီဇိုင်းများ ရယူနိုင်သည့်ဝဘ်ဆိုက်
  • ကွန်ပျူတာပညာရပ်များကို အခြေခံမှစပြီး လေ့လာနိုင်သည့်ဆိုက်
  • ကမ္ဘာ့နိုင်ငံအသီးသီးမှ မိုးလေ၀သ၊အချိန်များကိုတိတိကျကျကြည့်တဲ့ဆိုက်
  • ဂျပန်ကားများအရည်အသွေးစစ်ဆေးတဲ့ဆိုက်
  • Chatting အမြန်ဖွင့်နိုင်ဖို့ karoolark
  • နက်ဝေါ့သမားများအတွက် Ip Calculator
  • ဟန်းဆက်ကင်မရာကိုအလျှင်အမြန်ရိုက်ဖို့
  • သန်း၇၀၀၀လူဦးရေထဲမှာ ကိုယ်ဘယ်နေရာမှာပါလဲသိလိုလျှင်
  • Python အကြောင်းလေ့လာရန်
  • ကားတင်သွင်းရန်
  • အင်တာနက်သုံးရာတွင် သတင်း သုတရသ နည်းပညာ အစုံအလင်ပေးသည့်ဆိုက်
  • စာအုပ်အခမဲ့ဖတ်ရန်နေရာ
  • အသံထွက်မှန်လေ့ကျင့်ရန်
  • ဦးနှောက်ကြည်လင်စေဖို့
  • နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့
  • Gtalk,Yahoo စသည့် messenger တို့အတွက် ချက်တင်ဆော့ဖ်ဝဲ
  • ဂျပန်ကားဈေးကွက်ကိုကြည့်ဖို့
  • ကျမ်းမာရေးနဲ့အလှအပအတွက်
  • ဒီဇိုင်းတွေဖန်တီးနိုင်ဖို့
  • ဖုန်းဆော့ဖ်ဝဲများအတွက်
  • SMS ကို backup သို့ Restore ပြန်လုပ်လိုလျှင်
  • ကွန်ပျူတာ အမေးအဖြေများလေ့လာရန်….
  • နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….
  • မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
  • ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား….
  • ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း…
  • / နည်းပညာ အတွက် လေ့လာရန်…
  • ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
  • ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်..
  • ဖိုတိုEffect လေးတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့…..
  • တွေကို လုံခြုံအောင် ပို့ကြမယ်..
  • သင်သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လား..စစ်ချင်ရင်…
  • မြန်မာ တခြားဖောင့်မှ ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်…
  • မြန်မာ လက်ကွက် လေ့ကျင့်ရန်နေရာ…
  • Photoshop လေ့ကျင့်ခန်းနဲ့ ပြိုင်ပွဲတွေ..
  • ပေါ်ပြူလာအဖြစ်ဆုံး website..တွေကို ရှာရန်..
  • Photoshopကိုမြန်မာလိုလေ့လာဖို့…
  • Gtalk မှ နိုင်ငံ လိမ်ပြောသူများကို ဖမ်းဖို့…
  • GTunnel.exe ကိုလိုချင်ရင်….
  • ကျော်မယ် ၊ ခွမယ် ဆိုရင်….
  • ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၁)
  • ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၂)
  • ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်…(၃)
  • ကိုစစ်တဲ့ software ..(၁)
  • ကိုစစ်တဲ့ software…(၂)
  • ကိုစစ်တဲ့ software ….(၃)
  • Blog တွေရဲ့စာရင်းကို ရှာချင်ရင်….
  • ကွန်ပျူတာ ဈေးနှုန်းတွက်ချင်ရင်…
  • ကိုစစ်ဖို့ software……
  • ချစ်သူအတွက် ပုံလှလှလေးတွေ ယူရန်
  • Window ကို မထိစေပဲ ဖိုင်တွေကို ဖျက်တဲ့ software……..
  • Thread နဲ့ Virus ကိုရှင်းတဲ့ software…..
  • ဖမ်းတဲ့ Software
  • Software တွေ အစုံဆုံးနေရာ…
  • Hardisk ကိုသွေးသစ်လောင်းတဲ့ software..
  • ကို မပါစေပဲ Hard Disk ကိုဖျက်တဲ့ software…
  • Gtalk အကြောင်းစုံစုံ သိချင်ရင်…
  • Java အကြောင်းသိလိုသမျှ..
  • ကွန်ပျူတာ အကြောင်း ဘာထူးလဲ..(PC World)..
  • ပုံလှလှလေးတွေ လိုချင်ရင်
  • E-Books တွေကူးဖို့…
  • ဖုန်းအလကားပြောရဖို့နေရာ……
  • ပရိုဂမ်သမားတွေအတွက်….
  • Software တွေ ကူးမယ်ဆိုရင်…
  • စိတ်ဝင်စားစရာ စာလုံးလေးတွေ…
  • မြန်မာ E-books တွေ….
  • အင်ဂျင်နီယာဆိုင်ရာနဲ့ ကွန်ပျူတာဆိုင်ရာ နည်းပညာတွေ ဆွေးနွေးဖြန့်ဝေပေးနေတဲ့ နေရာ..
  • Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ tool တွေလေ့လာစရာ
  • မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်…
  • Google reader တဲ့ဟေ့…
  • AVG Antivirus Download အလကားရတဲ့နေရာ….
  • Outlook Expressကိုပြင်တဲ့နေရာ…
  • Webroot Antivirus & Spyware Software ယူဖို့နေရာ..
  • မြန်မာယူနီကုတ် အကြောင်းလေ့လာဖို့..
  • မြန်မာ့ ပညာရှင်များကို လေ့လာဖို့…
  • Download Management လုပ်တဲ့ Software..
  • English – Myanmar – English Online အဘိဓာန်…(၁)
  • Myanmar-English-Myanmar Online အဘိဓာန်…(၂)
  • English – Myanmar အဘိဓာန်စာအုပ်….
  • English – Myanmar ဖောင့်များ…..
  • MTV MUSIC တွေလိုချင်ရင်…
  • ISA Server .ကိုမြန်မာလို လေ့လာဖို့…..(၁)
  • smenetworking ISA server ကို မြန်မာလို လေ့လာဖို့…(၂)
  • Malware sweeper ဒေါင်းလို့ မရဘူးဆိုလို့…
  • ရယ်မောခြင်းငှက်ငယ်…
  • အွန်လိုင်းဒေါက်တာ
  • အွန်လိုင်းပြတိုက်လေး
  • ပုံလှလှလေးတွေ လိုချင်ရင်
  • ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…
  • ဓာတ်ပုံဝါသနာရှင်များအတွက်
  • ဖတ်စရာ
  • (ပေါ်ပြူလာဂျာနယ်လေးနော်)
  • (eleven ဂျာနယ်စုံ)
  • (ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
  • (ဒါလည်းသတင်းစာရောဖတ်လို့ရပါတယ်)
  • (လျှပ်တစ်ပြက်ဂျာနယ်)
  • (ဖတ်ပါ့ သတင်းဂျာနယ် )
  • (မဂ္ဂဇင်း စာအုပ်လေးနော်)
  • (အင်တာနက်ဂျာနယ်ဖတ်ရအောင်)
  • (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
  • (ဘောလုံးသတင်းတွေအစုံပါတယ်)
  • (ဘောလုံးပွဲစဉ်တွေကြည့်မယ်)
  • (ဘောလုံးပွဲပေါက်ကြေးတွေကြည့်မယ်)
  • (အောင်မြင်မဂ္ဂဇင်းလေးနော်)
  • (ကျောင်းလျှောက်တာတွေ ကြည့်ချင်ရင်)
  • (ဇီဝိတဒါနဆေးရုံ အကြောင်း သိချင်ရင်)
  • (ကလေးများ အတွက် ဘိုဘိုရဲ့လောကနက်ဂိမ်းနဲ့ ကာတွန်း)
  • (ဆေးပညာအကြောင်းဖတ်ချင်ရင်)
  • (နည်းပညာတက္ကသိုလ်အကြောင်းတွေသိချင်ရင်)
  • (ကွန်ပျူတာတက္ကသိုလ်အကြောင်းတွေ ဖတ်ချင်ရင်)
  • (မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
  • (နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
  • (ဒါကတော့ စုဗူးလေးနော်)
  • (မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
  • (ဘယ်လိုအိမ်မက်တွေမက်ထားလဲကြည့်ချင်ရင်)
  • (အွန်လိုင်းကနေထီတိုက်ရအောင်နော်)
  • (ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
  • (နည်းပညာအကြောင်းလေးတွေဖတ်ရအောင်)
  • ( ဓမ္မဒါန )
  • ( မြန်မာအင်ဂျင်နီယာများအသင်း )
  • (ကျွန်ုတို့ ရဲ့ မန္တလေး )
  • (onlineသတင်းလေးတွေ )
  • မြန်မာဗွီစီဒီ
  • minthila
  • shweo
  • ရုပ်ရှင်ဆိုဒ်ပါ မြန်မာ ၊ တရုတ် ၊ကိုးရီးယား ၊ အင်္ဂလိပ် ၊ အမေရိကန် ကားများနဲ့ နိုင်ငံပေါင်းစုံကကားတွေအတွက်
  • mayhninaye
  • luungediary
  • luungediary
  • moviesfoundonline
  • Shwegifts
  • Hantun
  • Shwe Store
  • My Soju Korea Drama
  • Quick Silver Screen
  • Atomic Movies
  • Movie Sister
  • Flurl
  • Family Guy Now
  • ပုံများတင်နိုင်သည့် sites များ
  • Image Shack
  • Photo Bucket
  • ပုံတွေပြင်လို့ရတယ်
  • ကျန်းမာရေးဆိုင်ရာ sites တွေပါ
  • Mental Help
  • Healthy
  • Tripprep
  • Cancerweb
  • Myanmar Medicine
  • Website Sharing
  • Digg
  • Stumbleupon
  • Delicious
  • Slashdot Open Courseware
  • (Massachusetts institute of Technology OCW)
  • (Uhah State University OCW)
  • (Johns Hopkins School of Public Health OCW)
  • (Tufts University OCW)
  • (Foothill-De Anza Community Collage SOFIA)
  • CMU
  • Blog Search Engine
  • Technorati
  • Blogserach
  • Feedster
  • Ljfind
  • Create New Blog
  • Blogger
  • Wordpress
  • LiveJournal
  • Blog
  • Typepad
  • MMblogs
  • Myanmar Blog Spot အင်တာနက်မှ အလုပ်လျှောက်ထားခြင်း
  • Myanmar Worker
  • Asian Job Bus
  • Ngoinmyanmar
  • Myanmar Hot Jobs
  • Career Builder
  • Job Hunt
  • Job Street
  • Jobdb
  • Best Jobs
  • Job BankUSA
  • UN Jobs
  • Job Search
  • စွယ်စုံကျမ်း
  • (ကမ္ဘာ့စွယ်စုံကျမ်း )
  • (မြန်မာ့စွယ်စုံကျမ်း)
  • Virus Software
  • (Bit Defender)
  • (McAfee)
  • (Norton)
  • (AVG:free)
  • Spyware,Adware,Trojan EJ,Worms ကာကွယ်ရန်
  • (Spy Sweeper)
  • (AVG Anti-Spyware)
  • (AD-Aware SE)
  • Buddhism
  • Dhamma Download
  • Mahasi
  • Dhar Manet
  • Myanmar Songs
  • Myanmar Mp3
  • Flash Band
  • Innwa
  • Ayinepan
  • Others
  • Myanmar Yellow Pages
  • Travel To Myanmar
  • Burma Library
  • Modins
  • Educatin Potral
  • Studying Singapore
  • Myanmar Training
  • Soccer Site
  • Live Score
  • Asia Bookie
  • FIFA
  • UEFA
  • Soccer net
  • English Learning Center
  • Voaspecialenglish
  • English Club
  • Web English Teacher
  • Learn English
  • Sattelite Site
  • RDI
  • LYNGSAT
  • Internet Library
  • LOC
  • IPL
  • Web Learning
  • W3 Schools
  • W3
  • Web Monkey
  • Software Driver
  • Windrivers
  • Driver Guide
  • Help Drivers
  • Drivers Planet
  • Download ebook
  • Templateen
  • Gutenberg
  • Student 50 Webs
  • MM Open Library
  • အခြားအသုံးဝင်သော site များ
  • (House Design)
  • (Rice Stock)
  • (Rice Online)
  • (Oil Stock)
  • KITTO
  • (Money Exchange)
  • (Korea Model)
  • (Korea & Japan Model)
  • (Time Convert)
  • ဆက်ဖတ်ရန်>>>
    gtalk နဲ့မြန်မာနိုင်ငံကိုဖုန်းခေါ်မယ်
    Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။
    ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
    ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။
    ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။
    အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။
    အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။
    gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။
    sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
    ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။
    ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။
    လုပ်ကြည့်ကြည့်ပါ။
    country code တွေ ခံစရာမလိုပါဘူး။
    095217892 ဆိုတာနဲ့ရပါပြီး။
    ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။
    ဆက်ဖတ်ရန်>>>
    ခေါင်းအုံးကလေး
    နင်စိတ်အခန့်မသင့်တဲ့အခါ
    ထုရိုက်တတ်တဲ့
    ခေါင်းအုံးကလေး...။
    နင်ဝမ်းနည်းတဲ့အခါ
    မျက်နှာလေး ၀ှက်ပြီး ငိုတတ်တဲ့
    ခေါင်းအုံးကလေး...။
    နင်စိတ်အပန်းဖြေဖို့
    အိပ်စက်ရန်
    ငါ ခေါင်းအုံးကလေးပါ...။
    ခေါင်းအုံးလေးရဲ့ ဆန္ဒက
    မနက်ရောက်ရင်
    ရွင်လန်းမှုတွေနဲ့
    နင် နိုးထနိုင်ဖို့လေ...။
    အခုဆို...ညတွေကို
    ခေါင်းအုံးကလေး မျှော်တတ်နေပြီလေ
    "ဟင်း...နေ့တာရှည်ပြီး ညတာတိုလိုက်တာနော်...။"
    ဆက်ဖတ်ရန်>>>
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ..........
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ
    ဘ၀လှရန်...ရင်ကိုဇုန်ကန်ထွက်ခွါ
    လမ်းလွှဲသူအတွက်မဟုတ်ပါဘူး..။
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ
    တိမ်တိုက်ကိုဆွတ်ခူးပန်စေလိုပေမဲ့ 
    မနှိုင်တဲ့ဝန်...မထန်းနှိုင်တာခွင့်လွှတ်ပါ..။။
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ
    စပါးနှံချီပျံသန်းလာပေမဲ့ အစ၀နေသူမြင်မှ
    ခရီးရဲ့ အသွားပြန်ဟာလမိုက်ညကိုဖြစ်စေခဲ့တယ်..။။
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ
ုမြူမုန်တွေကိုစုစည်း..အလင်းဝေမျှချင်ပေမဲ့ 
    နားလည်းသူဖိနပ်က..ငါ့ကိုနင်းချင်နေတယ်
    ပြားမလွယ်မှန်းသိပေမဲ့နေရာဟောင်းကသာ
    အစဉ်ထာဝရလင်းလက်ကောင်းပါလိမ့်မယ်..။။
    ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ
    လေတိုက်နှုန်းသိယုံနှင့်တောင်ကိုမဖြိုနှိုင်ပါဘူး
    ဒါပေမဲ့ .........
    စိတ်၏စိုးစံမှု့ ဖြင့် ကမ္ဘာကိုပတ်နှိုင်လိမ့်မယ်လို့ 
    နေရာခင်းကိုမြင်ယုံနှင့်နေကျက်ချိန်ကိုသိနေပါပြီ..။။
    ဆက်ဖတ်ရန်>>>
    "ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ"
    ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။
    • ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။
    • ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။
    • ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]
    • ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။
    • ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ် ကြည့်ပါလျှင် လမ်းစဉ်မှား “အစွန်း၂ခု” ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋ္ဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါး တရားကို သိမြင် စေရန် ဟောကြား ထားသောကြောင့် ဗုဒ္ဓဝါဒ ၏ တိကျ ခိုင်မာ သော သဘောတရားကို တွေ့မြင် နိုင်ပါသည်။
    • ဤကဲသို့ အနှစ်သာရ ပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံ စိုက်၍ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြ ပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန်ပွား အောင် ဆောင်ရွက်လျက် ရှိကြပါသည်။
    • အထက်ပါ အချက်များကြောင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟု ခေါ်ဆို ရခြင်း ဖြစ်ပါသည်။
    ထို့အပြင် ၀ါဆိုလပြည့်နေ့ဧ။် ထူးခြားချက်များမှာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လ၀ါဆို” ဟူသော သံပေါက်လေး အတိုင်း ဂေါတမ မြတ်စွာဘုရား ပဋိသန္ဓေ ယူသော၊ တောထွက်သော၊ ဓမ္မစကြာ တရားဦး ဟောသော လ ဖြစ်ပါသည်။
    (ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်)၊ နိုင်ငံတော် ပိဋကတ် တိုက်မှူး စီစဉ် ရေးသားသော အခါတော် နေ့များ စာအုပ်မှ ကောက်နှုတ်ပါသည်။)
    မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)
    တရားဦး ဓမ္မစက်မှာ အနှစ်သာရ
    (၃)ချက်ရှိပါတယ်။
    ၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
    ၂။ လိုက်နာရန် အလယ်လမ်းနှင့်
    ၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
    သစ္စာတရား လေးပါး ရှိပါတယ်။
    ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း
    ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
    တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း
    ညွှန်ပြထားခြင်း ဖြစ်ပါတယ်။
    ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး
    ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
    ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။
    "ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
    ဇာတိပိဒုက္ခာ၊
    ဇရာပိဒုက္ခာ၊
    ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
    အပ္ပိယေဟိ
    သမ္ပယောဂေါ ဒုက္ခော၊
    ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
    ယမ္ပိစ္ဆံ နလဘတိ
    တမ္ပိဒုက္ခံ၊
    သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။"
    (၁)
    ဇာတိပိဒုက္ခာ
    အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Birth is suffering.
    (၂)
    ဇရာပိဒုက္ခာ
    အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Aging is suffering.
    (၃)
    ဗျာဓိပိဒုက္ခာ
    နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Sickness is suffering.
    (၄)
    မရဏမ္ပိဒုက္ခံ
    သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Death is suffering.
    Sorrow and lamentation, pain, grief and despair are suffering.
    (၅)
    အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
    မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Association with the unpleasant is suffering.
    (၆)
    ပိယေဟိ
    ဝိပ္ပယောဂေါ ဒုက္ခော
    ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Dissociation from the pleasant is suffering.
    (၇)
    ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
    လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
    Not to get what one wants is suffering.
    ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
    သစ္စာလေးပါးကို ရှင်းပြပါမယ်
    (၁) ဒုက္ခသစ္စာ
    The Noble True of suffering.
    မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊
    ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့်
    လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း
    အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။
    (၂) သမုဒယသစ္စာ
    The Noble True of the origin of suffering.
    ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
    ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
    ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့်
    ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့
    အမှန်တရားတစ်ခုပဲ ဖြစ်တယ်။
    (၃) နိရောဓသစ္စာ
    The Noble True of the Cessation of suffering.
    ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
    တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့
    အမှန်တရားလို့ ဆိုလိုပါတယ်။
    (၄) မဂ္ဂသစ္စာ
    The Noble True of the Path leading to the Cessation of suffering.
    သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
    တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
    သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
    Right view- ကောင်းစွာ သိမြင်ခြင်း၊
    Right thought- ကောင်းစွာ ကြံစည်ခြင်း၊
    Right speech- ကောင်းစွာ
    ပြောဆိုခြင်း၊
    Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
    Right livelihood ကောင်းစွာ
    အသက်မွေးခြင်း၊
    Right effort- ကောင်းစွာ အားထုတ်ခြင်း၊
    Right mindfulness- ကောင်းစွာ
    အောက်မေ့ခြင်း နှင့်
    Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
    မဂ္ဂင်ရှစ်ပါးလို့လည်း
    ခေါ်ပါတယ်။
    နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
    ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
    ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ
    ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
    ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊
    ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
    တတိယအစုမှာ ပါတာကတော့
    ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ
    တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။
    ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့
    ညွှန်ပြခဲ့တယ်။
    အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို
    ပယ်ဖို့ပါပဲ။
    ဘယ်လို အစွန်းတွေပါလဲ။
    အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့
    အစွန်းတစ်ဖက်၊
    တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး
    လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။
    သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက
    မလွတ်မြောက်နိုင်ဘူး။
    ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
    ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး
    သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း
    ဖြစ်ပါတယ်။
    ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
    ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
    အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့်
    ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
    ဒုက္ခဟာ
    ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ
    ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင်
    မြင်အောင် လုပ်ရပါတယ်။
    တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို
    ရှာရပါတယ်။
    နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့
    ကျင့်ရပါတယ်။
    သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး
    လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။
    ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ
    ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
    သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ
    လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’
    ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
    သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
    မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊
    မတည်ထွင်နိုင်၊
    မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
    အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
    ဤသစ္စာတရားတို့၌
    သိခြင်း၊
    ပယ်ခြင်း၊
    ဆိုဒ်ရောက်ခြင်း၊
    ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ
    ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
    (သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
    ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။
    တရားချစ်ခင် သူတော်စင် အပေါင်းတို့
    ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
    ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
    လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
    ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
    ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
    သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
    ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။
    သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
    သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
    ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
    သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
    လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
    ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင်
    လွတ်မြောက်ခြင်းတို့
    ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။
    ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
    ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန်
    သားပေါင်းစုံတဲ့ တောရဂုံမှာ
    ရှောင်ရှားရန် အစွန်းနှစ်ပါး
    လိုက်နာရန် အလယ်လမ်းနှင့်
    ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
    ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
    ကောဏ္ဍည
    ဘဒ္ဒိယ
    မဟာနာမ
    အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
    ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
    ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
    အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
    အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
    ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
    ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
    တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
    မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
    သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။
    ဆက်ဖတ်ရန်>>>
    fli3D ပြုလုပ်နည်းလေးပါ
    Desktop Flip3D Shortcut ပြုလုပ်နည်းလေးပါ window 7 အတွက်တော့ သေခြာပါတယ် ကျွန်တော်သုံးနေတာ ဖြစ်လို့ပါ........XP နဲ့ Vista တော့ ရမရ မသိပါဘူး ရနိုင်ပါတယ်.......................အဲဒါက ဘယ်လုပ်ရတုန်း မသိသေးတဲ့သူတွေအတွက်တော့ ဒီလိုဟာလေးပါလို့ ပြောရင်း ဘယ်လိုလုပ်ရတယ် ဖော်ပြပေးပါရစေ...............
    Desktop ပေါ်မှာ ဖွင့်ထားတာလေးတွေကို 3D မြင်ကွင်းလေးနဲ့ ကြည့်ပြီးရွေးနိုင်ဖို့ အတွက်ပါ............
    အဲဒီလို့ ပြုလုပ်နိုင်ဖို့အတွက် Shortcut တခုဖန်တည်းရအောင်ပါ........
    Desktop ပေါ်မှာ Right click နဲ့ New Shortcut တခု ပြုလုပ်လိုက်ပါ...........Value ကို
    RunDll32 DwmApi #105
     ထည့်ပေးလိုက်ပါ...........
    နာမည်ကိုတော့ Flip3D ဆိုပြီး ပေးလိုက်ပါ.........
    ရသွားပါပြီ Icon ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်........
    အဲဒီ Shortcut ကို ကလစ်လိုက် သည်ဖြစ်စေ Tap + Window ကို Click လိုက်သည်ဖြစ်စေ Flip3D မြင်ကွင်းနဲ့ ဖွင့်ထားတာတွေကို တွေနိုင်ပါပြီ........
    Shortcut ကို Click ရင်တော့ Tab ကီးနဲ့ ရွှေ့ပြောင်းနိုင်မှာပါ.......
ွှTab + window ဆိုရင်တော့ သူ့အလိုလို ရွေ့နေတာတွေ့ရမှာပါ.......
ှနောက်တခုက Shortcut ဖိုင်ပေါ်က မြှား ပုံကြီးဖြောက်ချင်ရင် ဒီလိုလေးလုပ်လိုက်ပါ.........
    Window + R နဲ့ Run ဘောက် ဖွင် regedit လို့ရေးပြီး regedit ကို ဖွင့်လိုက်ပါ
    ပွင့်လာရင် HKEY_CLASSES_ROOT က lnkfile ကို Click ထားပြီး တဖက်မှာရှိတဲ့ IsShortcut ဆိုတာကို ဖြတ်ပေလိုက်ပါ..........Shortcut ပေါ်က မြှား ပြောက်သွားပါပြီ.............
    regedit ကို edit လုပ်ဖို့အတွက် သိသလောက် ဆက်လပ်ဖော်ပြပေးသွားပါမယ်........
    မသိသေးတဲ့ သယ်ချင်းတွေ ပျော်ရွှင်လွယ်ကူစွာ ပြုလုပ်နိုင်ကြပါစေ.............
    ဆက်ဖတ်ရန်>>>
    လက်ကိုင်ဖုန်း၇ဲ့ လျိုဝှက်ချက်
    *** သူငယ်ချင်းတို့ရေမင်္ဂလာပါဗျာ...
    ကွှန်တော်တို့မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်ခင်ဗျ။ လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
    အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို ကျွန်တော် ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။
    (၁) အရေးပေါ် အတွက် သုံးလို့ရတယ်ဗျ
    keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
    (မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့ အိုကေပါတယ်)
    (၂) ဖွက်ထားတဲ့ အပို ဘတ္ထရီ ရှိတယ်နော်
    တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
    ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့ဗျာ။
    ၃) ကားထဲမှာ သော့တွေ ကျန်ခဲ့ရင်လည်း သုံးလို့ရတယ်
    ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက် ပြောတာပါ တနေ့… အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့ ဘာလုပ်မလဲ ?။
    1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
    2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားလိုက်ပါဦး။
    3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းကြည့်ပါ။
    ကားတံခါး ပွင့်သွားပါလိမ့်မယ်။
    စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ လက်ကိုင်ဖုန်းကြောင့်ပါပဲ။
    (၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျ
    ကိုယ့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ ကိုယ့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊ ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး ကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
    တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ ကိုယ့်ဖုန်းရဲ့  ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူများတွေ မသိအောင် ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး များကို ကိုယ့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
    ဒါပေမယ့် …………….. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး ကိုယ်ဟာ ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ရင်တော့ ကိုယ့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ နို့ပေမယ့် ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့ မရနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
    (ဟဲဟဲ..တစ်ခုရှိတာက မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)
    ဒါတွေကတော့ ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက် ဖုန်းတွေအတွက် သီးသန့် ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokia ဖုန်းတွေက အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်း ပြန်ဖော်ပြလိုက်တယ်နော်။
    ( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့ တစ်ခုနဲ့ တစ်ခု မတူပါဘူး။)
    Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလို ၀ယ်ပြီးတဲ့အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီး ကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Code တွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်း ပြတတ်ပါတယ်။
    ကဲ..ပြောနေတာကြာပါတယ်။ ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-
    IMEI ( International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06# ကိုနှိပ်ပြီးကြည့်လို့ရတယ်။
    နောက်ပြီး LCD display ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။
    အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
    Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
    ဖုန်းရဲ့ ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့် ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာပြုပြင်ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ဖုန်း life time ကို သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။
    မှတ်သားထားသော ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။
    series 60 ဖုန်းတွေအ တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
    ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင် ဖုန်းပြန်ပွင့်သွားမှာပါ။
    Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ.. တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတွေကို သိပ်ပြီး မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်း ၀င်သွားနိုင်ပြီးတော့ အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်း ကိုပို့လိုက်ရပါလိမ့်မယ်။
    ကဲ.. လောလောဆယ် ကျွန်တော်သိသလောက်ကတော့ ဒါပါပဲ ။ ထပ်ပြီးသိတာနဲ့ ထပ်ဖော်ပြပါ့မယ်။
    ဆက်ဖတ်ရန်>>>
    Blog Archive