အိန်ဂျယ်တဲ့
တိမ်တွေဆီမှာနေတာလား
အငွေ့အသက်နဲ့
မိုးငွေ့ဆီမှာနေတာလား
ဘယ်မှာနေနေ ဘယ်မှာနားနား
ငါမသိရိုးအမှန်ပါ ။( ဒါက ကဗျာဆရာလွင်ပြင်ပြောတာပါ)
အိန်ဂျယ်.........
ရင်ခွင်နန်းမှာစံ
နူးညံ့တဲ့ အမိန့်တွေနဲ့
ကိုယ့်နှလုံးသားကို အုပ်စိုးပါ
အိန်ဂျယ်အမြောက်အမြားက
ဘယ်မှာနားတယ် ကိုယ်မသိပေမယ့်
ကိုယ်ရဲ့ မူပိုင် အိန်ဂျယ်..
မင်းကတော့ ကိုယ့်အနားမှာ
ဘယ်မှထွက်မသွားဘဲ
သံသရာအဆက်ဆက်
နှလုံးသားမှာ ထာဝရ အုပ်စိုးထားပါလို့
(ကိုယ့်ဆုတောင်းလေးတွေ ပြည့်ပါရစေ) ။
အိန်ဂျယ်.....ရေ
အတွေ့အထိတွေကြားမှာ
ရိုးအီသွားတာကိုယ်ကြားဖူးတယ်
အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။
အိန်ဂျယ်.......
မင်းနဲ့ ပတ်သက်သမျှ ခံစားချက်တွေ
တနင့်တပိုး ကိုယ်ထုပ်ပိုးထားပေမယ့်
ထုတ်ပြစရာ အနားမှာ ဘယ်သူမှမရှိ
ရင်ဘတ်ဟောင်းလောင်းထဲမှာ သိမ်းဆည်းထားတာများလို့
လျှံကျလာတဲ့ ခံစားချက်တချို့တ၀က်ကို
ကိုယ်ကဗျာတစ်ပုဒ်လုပ်ခဲ့မိတယ် ။
Subscribe to:
Post Comments (Atom)
Blog Archive
-
▼
2012
(54)
-
▼
August
(36)
- ☆☆☆Computer Desktop ပေါ်မှာ ပိုးကောင်လေးတွေမွေးမယ်☆☆☆
- ဖုန်းအတွက် ရန်ကုန်လမ်းညွှန်
- ဟို..... အရင်ချိန်က ဖြူစင်တဲ့ပန်းတစ်ပွင့်
- တစ်ကယ်ချစ်ရဲ့လား
- နောက်ခံ ဓါတ်ပုံလေးတွေပါ
- သတိရတိုင်းလွမ်းတယ်
- အတောင်ပံတစ်စုံနဲ့လူ.....
- နတ်သမီးလေး
- ချစ်သူအတွက် အသဲလက်ဆောင်
- “ချစ်သူအမောပြေ တစ်ရှိုက်မက်မက်နမ်းစေ”
- ပန်း
- အပျော်တမ်း video edit လုပ်ကြည့်ရအောင်
- ကျွန်တော်ဒီနေ့ Internet Download Manager မှာေ...
- Virus ကြောင့်ပဲဖြစ်ဖြစ် ပျောက်နေသော File လေးတွေ ပြ...
- တစ်ခေါက်လောက်တော့ လွမ်းပေးပါ
- ရက်ရက်စက်စက်လုပ်ခဲ့တဲ့ မင်း.
- မမေ့သေးပါဘူး
- သိပ်မနောက်ပါနဲ့တော့အရူးမလေးရယ်..
- ချစ်သူရဲ့ ဥပက္ခာ
- gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
- လေ့လာစရာ
- gtalk နဲ့မြန်မာနိုင်ငံကိုဖုန်းခေါ်မယ်
- ခေါင်းအုံးကလေး
- ငါက..လွင့်ပျံရာငှက်တစ်ကောင်ပါ..........
- ၀ါဆိုလပြည်နေ့အကြောင်း
- fli3D ပြုလုပ်နည်းလေးပါ
- လက်ကိုင်ဖုန်း၇ဲ့ လျိုဝှက်ချက်
- မိန်းခလေးတိုသိသင့်သောရည်းစားထားနည်း
- ချစ်သူကြားပါစေ
- A TO Z ၇ည်စားစာ
- ဖုန်းလေးတွေ ခေါ်ကျ၇အောင်
- ယင်ကောာင်လေးတွေ ယူအုံးမလား
- နည်းလမ်းလေး တစ်ခုပါဘဲ ဆောဝဲ့မရှိလဲလုပ်လိုရပါတယ်
- ကိုယ်အနမ်းလေး သိမ်းပေးထားပါ
- အချစ်အတွက် ပေးဆပ်ချင်သူ
- လိုအပ်မယ်ထင်တာလေးတွေပါ
-
▼
August
(36)
No comments:
Post a Comment